ချစ်ဆိပ်လူးသောလိပ်ပြာ

မြပုလဲခင်

800 Kyats ကျပ်
မဉ္ဇူခင်ကျော်နဲ့ ထွန်းတေဇာ တို့ဟာ ငယ်ငယ်လေးကတည်းက သူငယ်ချင်း။ နောက်တော့ အဆင့်တက်ပြီး သမီးရည်းစားဖြစ်လာခဲ့ကြတယ်။ နှစ်ဖက်မိဘကလည်း သဘောတူကြတယ်၊ သူတို့နှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ ဒါပေမဲ့ အဲဒါဟာ ထွန်းတစ်ယောက် ရန်ကုန်ကိုသွားပြီး နီ ဆိုတဲ့ အမျိုးသမီးနဲ့ မတွေ့ခင်အထိပါပဲ။ မိသားစုရဲ့ ဆိုဆုံးမမှုအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ထွန်းဟာ နီနဲ့ တွေ့ဆုံမိတဲ့အခါ မွှန်ပြီး မိုးမမြင်လေမမြင်တွေ ဖြစ်ခဲ့ရတယ်။ အစ်ကိုဖြစ်သူတွေက သတိပေးပေမဲ့ နောက်ဆုံးမှာတော့ ထွန်းဟာ ဇူဇူ နဲ့ လက်ထပ်မယ့်အခမ်းအနားကနေ တိတ်တိတ်ကလေး ထွက်ပြေးသွားခဲ့တယ်။ အဲဒါကြောင့် ဇူဇူက ထွန်းကို အရမ်းမုန်းသွားခဲ့တယ်လေ။ နှစ်ပေါင်းများစွာ ကြာလာပြီးတဲ့နောက်မှာတော့ ဇူဇူမှာ မုန်းမာန်အောင် ဆိုတဲ့ သားရှိလာခဲ့သလို။ မုန်းမာန်အောင်ဟာ ပန်းမကိုဋ် ဆိုတဲ့ အမျိုးသမီးတစ်ဦးကို သဘောကျမိသွားတဲ့အခါ ... ပန်းမကိုဋ် ရဲ့ နောက်ခံကလည်း ထင်မှတ်မထားတဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့အခါ ... ဒီဝတ္ထုဟာ ခံပြင်းမှု၊ ဒေါသထွက်မှု၊ ရင်ခုန်ရမှုတွေအပြင် လူတွေရဲ့ စိတ်နေသဘောသဘာဝတွေကိုပါ မြင်တွေ့ခံစားရစေမှာပါ။ ဒါကြောင့် အခုပဲ ဖတ်လိုက်ကြတော့နော်။