မဟာစစ္သူၾကီး

ဖြိုးဧရာ(မြန်အောင်)

200 Kyats ကျပ်
⚫ စစ်ချီတက်တုန်း မထင်မှတ်ဘဲ ရေစီးနဲ့မြောပါလာတဲ့ ရွှေရောင်ဓားတစ်လက်ကို ကောက်ရခဲ့သူ စစ်သူကြီးဒေဝ။ ဓားကို ကောက်ကိုင်လိုက်တဲ့ အချိန်မှာပဲ ဓားရဲ့အစောင့်ဆိုပြီး သူ့ကိုယ်သူမိတ်ဆက်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့လိုက်ရတယ်။ မကြာပါဘူး … အမျိုးသမီးပျောက်သွားတယ်။ ဓားမှာလည်း အလွန်ထူးဆန်းတဲ့ အစွမ်းတွေရှိနေပြန်တယ်။ ⚫ တကယ်တော့ ဒီအကြောင်းတွေက လက်တွေ့ဖြစ်ပျက်နေတာ မဟုတ်ပါဘူး။ 'စစ်မင်း' ဆိုတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်ယောက် မကြာမကြာမက်တတ်တဲ့ အိပ်မက်တစ်ခုရယ်ပါ။ 'စစ်မင်း' က ဘာဖြစ်လို့ ဒီလို အိပ်မက်တွေ မက်နေတာလဲ။ ကပ္ပိယကြီးပြောသလို 'စစ်မင်း' က အရင်ဘဝက စစ်သူကြီးဒေဝ ဝင်စားတဲ့သူလား။ ဒီဝတ္ထုထဲမှာ သိုက်အကြောင်းတွေ၊ ထူးခြားဆန်းကြယ် အစွမ်းတွေအကြောင်းပါတော့ အားလုံး စိတ်ဝင်စားကြမယ် ထင်ပါတယ်။