ဝံပုလွေအသည်းနှင့် ချစ်သူ

တွိစက်ခ

800 Kyats ကျပ်
ဒီအဖြစ်အပျက်က နီမောင်တို့နေတဲ့ ဆန်ဂေါင်ရွာနားမှာ ဖြစ်တာဗျ။ အစတုန်းက ရွာနားက စပ်ဖလွယ်လုံ တောင်မှာ လူသေမှုတွေ ခဏခဏကြုံရတယ်။ သေပုံကလည်း ဓားထက်ထက်နဲ့ ခွဲထားသလို ဒဏ်ရာတွေနဲ့။ နောက်တော့ အဆိပ်လူးမြှားတွေပါ ပါလာတယ်။ ဒီတော့ လူသေမှုကိုဖြစ်စေတာ တိရိစ္ဆာန်လား၊ လူလားဆိုတာ ခွဲခြားရခက်ကုန်ပါရော။ တစ်နေ့တော့၊ နီမောင်တို့ရွာက ထွန်းခဆိုတဲ့လူ တောင်ပေါ်သွားရင်း ပျောက်ဆုံးသွားတယ်။ အဲဒီနောက်တော့ ထွန်းခအလောင်းကို နီမောင်တို့ရှာတွေ့ကြတယ်။ ထူးဆန်းတာက၊ ညရောက်တော့ ထွန်းခက နီမောင်ကို အိပ်မက်ပေးတယ်။ ဝံပုလွေတောင်က ဂူထဲမှာ သူ မချစ်ဥတွေ ရှာတွေ့ထားတယ်တဲ့ ! ဒါပေမဲ့ အဲဒီနေရာက သိပ်အန္တရာယ်ကြီးတာ။ အိပ်မက်ပြီးနောက်ပိုင်း နီမောင်တို့ ဘာဆက်လုပ်ကြမလဲ ? အဖြေရှာမရတဲ့ လူသေမှုကရော! နီမောင်တို့ ကြုံခဲ့ရတဲ့ ဝံပုလွေတွေ၊ ဆီးနှင်းတွေ ကျနေချိန် နီမောင်မြင်ခဲ့ရတဲ့ တောင်ထိပ်ပေါ်က အမျိုးသမီးတစ်ဦး၊ ပါးစပ်အဟောင်းသားနဲ့ အံ့သြဖို့ကောင်းလောက်တဲ့ ဂမ္ဘီရအဖြစ်အပျက်တွေ၊ ဝံပုလွေလူသား၊ ရင်ထဲမှာ စွဲကျန်ခဲ့မယ့် ဒရာမာဇာတ်လမ်းတစ်ပုဒ်။ ဒီတစ်အုပ်ကတော့ ဖတ်လို့အရမ်းကောင်းတာမို့ ညွှန်းလိုက်ပါပြီဗျာ။ လင့်ခ်ကိုနှိပ်ပြီးဒေါင်းလိုက်ပါ။