အချစ်ဝိညာဉ်

နွေရွက်လွှာ

200 Kyats ကျပ်
❤ အချစ်နဲ့ မထိတွေ့ဖူးသေးတဲ့ ဆယ်ကျော်သက်အရွယ်တိုင်း အချစ်နဲ့စတင်ထိတွေ့ရတဲ့အချိန်က ရင်ကိုနွေးထွေးပြီး ကမ္ဘာလောကကြီးတစ်ခုလုံး လှပနေတတ်တယ်မဟုတ်လား။ ပန်းလေးလည်း သက်တန့်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို တိတ်တခိုးလေးချစ်ပြီး သူ့ကမ္ဘာကြီး လှပနေတယ်။ သက်တန့်ကလည်း သူ့ကိုပြန်ချစ်တော့ သူတို့ တွဲမိသွားကြတယ်ပေါ့။ ပန်းလေးတစ်ယောက် အချစ်မှာယစ်မူးနေတုန်း ကြားလိုက်ရတဲ့ သတင်းတစ်ခုက သူ့ရင်ကိုကွဲသွားစေလေရဲ့။ ဦးနှောက်ထဲမှာ မေးခွန်းတွေဖြစ်တည်လာတယ်။ သူတွဲနေမိတာ ဝိညာဉ်တစ်ယောက်လား တဲ့။ ထူးထူးဆန်းဆန်း ဇာတ်လမ်းလေးမို့ ဖတ်ကြည့်လိုက်ရအောင်!