ဆည်းလည်းရှိုက်သံ

နွေရွက်လွှာ

200 Kyats ကျပ်
ဒီ အဖြစ်အပျက်က မြူး ဆိုတဲ့ အမျိုးသမီးနဲ့ သူ့မိသားစုကြုံခဲ့ရတာပါ။ မြူးက သူ့ယောက်ျားတာဝန်ကျတဲ့ မြို့ကို ပြောင်းလာခဲ့တယ်။ မြို့ကို ရောက်တော့ အကုန်အဆင်ပြေပေမဲ့ သူနေထိုင်တဲ့ အိမ်ကိုတော့ သိပ်သဘောမကျဘူး။ ပြီးတော့ သူ့သမီးလေးပြောပြောနေတဲ့ အားချစ်ဆိုတဲ့ကောင်လေး။ နောက်မှသိလိုက်ရတာက အရင်တုန်းက အဲဒီအိမ်မှာနေဖူးတဲ့ အားချစ်ဆိုတဲ့ ကလေးလေးတစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးသွားတယ်။ ဒါပေမဲ့ မကျွတ်လွတ်ဘဲ မိဘတွေကို မျှော်နေခဲ့တယ်ဆိုတာပါပဲ။ ချောက်ချားဖို့လည်းကောင်း ဝမ်းနည်းဖို့လည်းကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လို့ ဖတ်ကြည့်ကြပါဦး။