အေလ်ာ္အစား

အောင်လင်း

600 Kyats ကျပ်
...လူတို့သည် နေ့စဉ်နှင့်အမျှ ဘဝကို ရင်ဆိုင် ရုန်းကန်နေကြရသည်။ သို့ရင်ဆိုင်ရာတွင် ရှုံးသည့်အခါလည်း ရှိ၏။ နိုင်သည့်အခါလည်း ရှိ၏။ ရှုံးသည့်အခါတွင် ထိုဘဝတိုက်ပွဲမှ ထွက်ပြေးသွားသူများလည်း ရှိ၏။ နိုင်သည့်အခါတွင် မော်ကြွားတတ်သူများလည်း ရှိ၏။ ရှုံးသည်၊ နိုင်သည် ဤနှစ်လီတွင် ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ဘဝတိုက်ပွဲကို ရဲဝံ့တည်ငြိမ်စွာ ရင်ဆိုင်နိုင်သူများလည်း ရှိသည်။ အမှန်တော့ ကျွန်တော်တို့ ကျင်လည်ရာ လူ့ဘဝသည် ကစားဝိုင်းနှင့်လည်း တူသည်။ လူ့ဘဝသည် ကိုယ့်စွမ်းကိုယ့်စကို မယုံကြည်လျှင်၊ ကိုယ့်စွမ်းကိုယ်စနှင့် အနိုင်အရှုံး မဆုံးဖြတ်နိုင်လျှင် လူ့ဘဝကို ကစားဝိုင်းကြီးကဲ့သို့ သဘောထားကာ ကံစမ်းမဲထိုးသူများလည်း ရှိမည်။ သို့သော် ထိုကစားဝိုင်းတိုင်း၌ လျော်နိုင်သူသာ စားရသည်။ မလျော်နိုင်သူ ရှုံးရသည်။ မလျော်နိုင်သူသည် အရင်းပြုတ်လျှင် ထိုဝိုင်းမှ ထွက်ပြေးရတတ်သည်။ ဤသဘော အယူအဆကို ကျွန်တော်သည် ဦးညွန့်နှင့်တွေ့မှ ရိပ်စားနားလည်မိသည်။