မြစိမ်းတောင်မှ မြစိမ်းရောင်ချစ်သူ

အောင်မင်းအောင်

800 Kyats ကျပ်
ဒီဝတ္ထုက မြေပေါ်ထူးဆန်းမှုနဲ့ စထားတာမဟုတ်ပါဘူး။ ရေအောက်ထူးဆန်းမှုတွေကို ဦးဆုံးမြင်ရမှာပါ။ ဒေါက်တာမင်းထင်ကျော်ရဲ့ချစ်သူ စောဒေဝီက ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မက်တယ်။ မြစိမ်းတောင်ကျွန်းအောက်က မီးတောင်ကြီးရယ်၊ ပြီးတော့ ဘဝဟောင်းက ညီမရယ်ပေါ့။ အဲဒါနဲ့ သူတို့က မြစိမ်းတောင်ကို သွားကြပါတယ်။ စိတ်မကောင်းစရာက၊ မီးတောင်ပေါက်ကွဲမှုကြောင့် အဲဒီမှာပဲ စောဒေဝီသေသွားတယ်။ ဒီစိတ်နဲ့ပဲ ဒေါက်တာမင်းထင်ကျော်က နှစ်နဲ့ချီပြီး ဘာအလုပ်မှ မလုပ်ဖြစ်တော့ဘူး။ ဒါပေမဲ့၊ ချစ်သူရဲ့ ဒိုင်ယာရီစာအုပ်နဲ့ ညအိပ်နေတုန်း သူမက်တဲ့ အိပ်မက်ကြောင့် မြစိမ်းတောင်ကျွန်းကို ရောက်အောင်ပြန်သွားတယ်။ မြစိမ်းတောင်ကျွန်းအောက်က မီးတောင်တွေက ထပ်ပြီးပေါက်ကွဲတော့မှာတဲ့ ! ကဲ ... ဂမ္ဘီရဆန်းကြယ်မှုတွေကတော့ အဲဒီမှာ စတော့တာပဲ။ အိမ်မှာနေရင်း အပျင်းလည်းပြေအောင် ဒီဝတ္ထုကို ဖတ်ကြည့်လိုက်နော် !