ကျွန်မခံစားမိတဲ့ အချစ်

ဟသေုဒွာ

600 Kyats ကျပ်
...“ငါသူ့အချစ်ကို ရအောင်ယူပြမယ်၊ ငါ့ဘဝမှာ ငါလိုချင်ပြီဆိုရင် မရဘူးဆိုတာ မရှိစေရဘူး” ထိုပြသနာဖြစ်ပြီး နာရီပိုင်းအတွင်းမှာပင် မွန်းက ကောင်းကို ပါးရိုက်လိုက်သည်ဆိုသော စကားမှာ ပျံ့နှံ့ သွားပြန်လေသည်။ မွန်းကို တွေ့သည်နှင့် ကွက်ကြည့် ကွက်ကြည့်က တစ်မျိုး၊ မကြားတကြားက တစ်မျိုး၊ ကဲ့ရဲ့သံတွေ၊ ဝေဖန်သံတွေက အမျိုးစုံလှသည်။ မွန်းကိုယ်တိုင်လည်း ရှက်သည့်စိတ်ဖြင့် စိတ်လိုက် မာန်ပါလုပ်ပြီးမှ သနားနေမိသည်။ ထိုနေ့မှစ၍ ကောင်းကို မွန်းအနားတွင် မတွေ့ရသဖြင့် မွန်းအနည်းငယ်တော့ စိတ်အေးမိသည်။ သူ့ကိုတွေ့လျှင် မျက်နှာပူနေရဦးမည်။ တစ်ပတ်လောက် အကြာတွင် မွန်းသူငယ်ချင်း နှစ်ယောက်နှင့်အတူ ကန်တင်းတွင် နေ့လယ်စာ စားနေခိုက်... “ဟယ်...ဟိုမှာ...ဟိုမှာ လူတစ်ယောက်” “အေး...ဘာတက်လုပ်နေတာပါလိမ့်” “ဟဲ့...အဲဒါ...ကောင်း...ကောင်းမဟုတ်လား” “ဟုတ်တယ်...ဟုတ်တယ် သူပါပဲ” မိန်းကလေးများ တစ်ယောက်တစ်ပေါက် ပြောဆိုနေသည့် အသံများကြောင့် မွန်းတို့ လှမ်းကြည့် လိုက်လေသည်။ နီနီနှင့် ဆုလဲ့တို့ အထိတ်တလန့် ထသွားကြလေသည်။