သတင်းသမားဘဝ

ရွှေကူမေနှင်း

900 Kyats ကျပ်
တိုင်းပြည်နိုင်ငံရဲ့ မဏ္ဍိုင်လေးရပ်မှာ တစ်ရပ်အပါအဝင်ဖြစ်တဲ့ စာနယ်ဇင်း သတင်းမီဒီယာ ကဏ္ဍဟာ ဒီနေ့ခေတ်မှာ ပိုပြီး အရေးပါတဲ့ ကဏ္ဍတစ်ရပ် ဖြစ်လာပါပြီ။ မိမိနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက နေ့စဉ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတင်းတွေကတစ်ဆင့် သိကြရတယ်၊ စူးစမ်းကြရတယ်၊ သုံးသပ်ကြရတယ်။ ဒီသတင်းတွေရဲ့ ရင်းမြစ်ဟာ ဘယ်က လာတာပါလဲ။ ဒါကတော့ ရှင်းပါတယ်။ သတင်းသမားတွေဆီက ရလာတာပါပဲ။ သတင်းတစ်ပုဒ်ကို အနံ့ခံပြီး သေချာရေရာတဲ့၊ စစ်မှန်တိကျတဲ့ သတင်းကောင်းတစ်ပုဒ် ဖြစ်လာဖို့အတွက် သတင်းသမားရဲ့ အားထုတ်မှုကလည်း အရေးကြီးပါတယ်။ ဒီစာအုပ်မှာ သတင်းသမားရဲ့ ကျင့်ဝတ်၊ သတင်းသမားဘဝ၊ သတင်းစာပညာ၊ သတင်းထောက်အတတ်၊ အယ်ဒီတာပညာ၊ အယ်ဒီတာကဏ္ဍ၊ အယ်ဒီတာ့အာဘော် စတဲ့ သတင်းမီဒီယာဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ဖော်ပြထားပါတယ်။ သင်ဟာ သတင်းသမားတစ်ယောက် ဖြစ်ချင်ပါသလား၊ ဒါမှမဟုတ် သတင်းသမားတစ်ယောက်အဖြစ် စတင်လုပ်ကိုင်နေသူလား၊ ဒါမှမဟုတ် - သတင်းပညာကို လေ့လာနေသူ ဖြစ်ပါသလား၊ ဒီစာအုပ်က သင့်ရဲ့ သတင်းပညာတွေကို တိုးတက်စေဖို့၊ သတင်းသမားဘဝကို နားလည်စေဖို့၊ ကောင်းကောင်းကြီး အထောက်အကူပေးမှာ သေချာပါတယ်။