အနီးအေဝး

မေကျော့ရှင်း

800 Kyats ကျပ်
ချစ်ရသူတို့လောကမှာ အနေနီးချင်ပေမဲ့ ဝေးနေရသူတွေ၊ သိပ်ချစ်ကြပါလျက်နဲ့ ဝေးနေရတာဆိုတော့ ဝမ်းနည်း ကြေကွဲစရာပါ။ မြတ်သူနဲ့ ခင်မျိုးချစ်တို့က စိတ်ချင်းနီးကြပေမယ့် လူချင်းဝေးနေကြရတယ်။ ငယ်ချစ်ဖြစ်တဲ့ သူတို့နှစ်ယောက်မှာ မြတ်သူက နိုင်ငံရေးလောကထဲဝင် ကွန်မြူနစ်ပါတီထဲဝင်ပြီး တောခိုသွားတယ်။ မျိုးက မြတ်သူပုန်းနေတဲ့ နေရာအထိ လိုက်သွားပေမဲ့ မြတ်သူက မျိုးကို အိမ်ပြန်ပို့ပါတယ်။ ဘာကြောင့်များလဲ ? စိတ်ချင်းနီးလျက်နဲ့ လူချင်းဝေးနေရတဲ့ ချစ်သူတို့နှစ်ယောက်ဟာ ရှေ့ဆက်ပြီး ကံကြမ္မာကို ဘယ်လိုရင်ဆိုင်ကြမလဲ ?