ဖတ်စရာရုပ်ရှင် မဂ္ဂဇင်းဝတ္ထုများ

မောင်သြလေး

600 Kyats ကျပ်
စာတစ်အုပ်ဖတ်ရတာ သက်ဝင်ခံစားမှု ကောင်းသွားတဲ့အခါ (တစ်ခါတလေ) ရုပ်ရှင်တစ်ကား ကြည့်ရသလိုပါပဲ။ ဖတ်စရာရုပ်ရှင်ဆိုတဲ့ စာအုပ်ကလေးကတော့ ခေါင်းစဉ်လေးအတိုင်း စိတ်လှုပ်ရှားစရာ ရုပ်ရှင်တွေကို ကိုယ်တိုင် ထိုင်ကြည့်နေရသလို ခံစားမိစေမှာပါ။ ဒီအထဲမှာ မဂ္ဂဇင်းစာမျက်နှာပေါ်က ဝတ္ထုတိုတွေ အပြင် အခြား စိတ်လှုပ်ရှားစရာ ရသ/သုတ ကဏ္ဍအဖုံဖုံကို တင်ပြပေးထားတာ မြင်တွေ့ရမယ်။ စာမူခေါင်းစဉ်လေးတွေကိုလည်း ရုပ်ရှင် ဆိုတဲ့ စကားလုံးလေးတွေပေးထားတာကို မြင်ရပါတယ်။ အိမ်မှာနေရင်း စာအုပ်ထဲကနေ ဘယ်လို ရုပ်ရှင်တွေကို ထူးထူးခြားခြား ခံစားကြည့်ရှု ကြရမလဲ ဆိုတာတော့ ဒီစာအုပ်ကလေးထဲမှာ အဖြေရှိနေပါတယ်။