နှင်းရိပ်ပွင့်ဦးချစ်ခဲ့ဖူးပါသည်

မောင်မောင်ကြီး

500 Kyats ကျပ်
တောင်ပေါ်ချယ်ရီ နှောင်းရွက်ကျန်တွေနဲ့ လွမ်းမောဖွယ် နတ်မတောင်။ ဖြူလွလွ နှင်းပွင့်တွေ၊ နှင်းစက်တွေ၊ နှင်းမိုးတွေက တောင်ကြီးဝန်းကျင်ကို လွှမ်းရုံထားတဲ့ ချင်းတို့မြေက နတ်မတောင်။ တောင်ပေါ် ယဉ်ကျေးမှု၊ တောင်ပေါ်တေးသံသာ၊ တောင်ဇလပ်ပန်းတွေက သမိုင်းများစွာကို ပြောပြနေသယောင် ခံစားမှုတွေနဲ့အတူ၊ နွားနောက်သားခြောက်၊ ဆတ်သားခြောက်၊ တောင်ဇလပ်ဝိုင်၊ ခေါင်ရည်အိုး၊ တောင်ပေါ်ဒေသရဲ့ စိမ်းလန်းစိုပြေတဲ့ ဝန်းကျင်အငွေ့အသက်တွေကို ဒီဇာတ်လမ်းလေးထဲမှာ ဖောဖောသီသီ ခံစားရမှာပါ။ တောင်ဇလပ်ပန်းတွေ၊ ချင်းတောင်ကြီးရဲ့ နှစ်သက်တဲ့ အထိမ်းအမှတ် အောက်ချင်းငှက်နိမိတ်ပုံတွေ၊ တန်ဖိုးရှိတဲ့ အထိမ်းအမှတ်တွေ၊ ရနံ့သင်းထုံတဲ့ သမိုင်းတွေ … အဲဒီကနေ … ရိုးသားဖြူစင်ခြင်းတွေ၊ အချစ်ကို ဘဝတစ်ခုလုံးအတွက် ပုံအပ်တတ်ရာ လှပ ရိုးရှင်းတဲ့ နှလုံးသားတွေကြားမှာ အချစ်ဆိုတဲ့ စိတ္တဇနာမ် တစ်ခုကို နှလုံးသားထဲ တည်ဆောက်မိတဲ့အခါ … အိပ်မက်ပွင့်ဦးတွေက နှင်းတွေလို ဝေဝါးသွားလေမလား။ လွမ်းမောစရာ ချင်းတောင်တန်းနောက်ခံ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ညက်နုနွဲ့နှောင်းတဲ့ စကားပြေအရေးအသားထဲ မျောပါခံစားကြရမှာပါ။