ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
ဝန်ဇင်းစာချစ်သူများအနေနဲ့ ဖတ်ရှုရ အကျိုးမယုတ်တဲ့အပြင် ကိုယ့်အတွက် အမြတ်များများထွက်စေမယ့် စာအုပ်ကောင်းတစ်အုပ်ကို ဝန်ဇင်းမှ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမောင်ပေါ်ထွန်း မြန်မာပြန်ဆိုထားတဲ့ “ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ အမေရိကန်စာရေးဆရာ၊ ရှေ့နေတစ်ဦးလည်းဖြစ်သူ Mark McCormack ရဲ့ “What They Don’t Teach You At Harvard Business School” ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်။ စာရေးဆရာက သူဒီစာအုပ်ရဲ့ အမှာစာမှာ ယခုလို ပြောပြပါတယ်။ "စီးပွားရေး လုပ်ငန်းဆိုတာ အသစ်တီထွင်မှု၊ အသစ်ပြောင်းလဲမှုကို အမြဲတမ်း တောင်းဆိုနေတဲ့ လုပ်ငန်းမျိုးပါ။ စီးပွားရေးလုပ်ငန်းမှာ ပြုပြင်မှု၊ စွန့်စား လုပ်ကိုင်မှုဆိုတာ ရှိရမယ်။ ဒါပေမယ့် စီးပွားရေး ပညာသင်ကျောင်းတွေက အတိတ်ကိုပဲ ပြန်သွားနေကြတယ်။ အတိတ်က ဖြစ်ရပ်တွေကိုပဲ သင်ပြနေကြတယ်။ ဒီလုပ်ရပ်ဟာ တီထွင်ပြောင်းလဲမှုကို ဖိနှိပ်ထားသလို ဖြစ်နေတယ်။" မောင်ပေါ်ထွန်း ဘာသာပြန်တဲ့ ဟားဗက်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှစာအုပ်ဟာ စီးပွားရေးနဲ့ မကင်းသူတိုင်း ဖတ်မိရင် အကျိုးရှိစေမယ့် စာအုပ်လို့ သေချာပေါက် ပြောချင်ပါတယ်။ တစ်ခါက မိတ်ဆွေနှစ်ယောက် လမ်းပေါ်မှာ ဆုံကြတယ်။ သူတို့ချင်း မတွေ့ရတာ နှစ်ပေါင်းအစိတ်လောက် ရှိသွားပြီ။ တစ်ယောက်က သူ့အတန်းမှာ ထိပ်ဆုံးက နေခဲ့သူ၊ လက်ရှိ မြို့နယ်ဘဏ်တစ်ခုမှာ လက်ထောက် မန်နေဂျာ လုပ်နေတယ်။ နောက်တစ်ယောက်က ပညာရေးမှာ ဘာမှ မထူးချွန်ဘူး။ သူလိုကိုယ်လို သာမန်လူတန်းစားပဲ။ အခု သူက ဘာဖြစ်နေသလဲဆိုတော့ ကိုယ်ပိုင် ကုမ္ပဏီ ထောင်ထားတယ်။ သန်းပေါင်းများစွာ ချမ်းသာနေတယ်။ ဘဏ်မန်နေဂျာက မေးတယ်။ " မင်း အခုလို အောင်မြင်လာတာ ဘာကြောင့်လဲ ? လုပ်စမ်းပါဦး" သူ့မိတ်ဆွေ သူဌေးရဲ့ အဖြေက ရိုးရိုးလေးပါပဲ။ " ငါက ကုန်ပစ္စည်း တစ်ခုကို နှစ်ဒေါ်လာနဲ့ ဝယ်တယ်။ ပြီးတော့ ငါးဒေါ်လာနဲ့ ပြန်ရောင်းတယ်။ ရောင်းကုန်တစ်ခုကို ဈေးမြှင့်လိုက်ရင် ပိုက်ဆံ ဘယ်လောက် မြတ်မလဲဆိုတာ တကယ် ပျော်စရာပါပဲသူငယ်ချင်းရေ" ( မတ်ကော်မက်၏ အမှာစာမှ … ) ဒီစာအုပ်ဟာ စီးပွားရေးကို နားလည်လိုသူများ ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ စီးပွားရေးဆိုရာမှာ တက္ကသိုလ်ကြီးတွေ၊ သင်တန်းကြီးတွေမှာ သင်တဲ့ ကိန်းကြီး ခန်းကြီး စီးပွားရေး ပညာတွေကို ဒီစာအုပ်မှာ ဖတ်ရမှာ မဟုတ်ပါဘူး။ ဒီစာအုပ်ကို ဘာသာပြန်တဲ့ မောင်ပေါ်ထွန်းကအခြားအမည်တစ်မျိုးနဲ့ မဂ္ဂဇင်းမှာ အရင်ပြန်ခဲ့တာပါတဲ့။ သူပေးခဲ့တဲ့ နာမည်က " လမ်းပေါ်က စီးပွားရေး ပညာ " တဲ့။ သွားရင်း လာရင်း လူအချင်းချင်း ကြားမှာ လိုအပ်နေတဲ့ စီးပွားရေးပညာ အကြောင်းကို ဥပမာလေးတွေနဲ့ နှိုင်းယှဉ်ပြထားတာတွေကို ဖတ်ရမှာပါ။ စာရေးဆရာရဲ့ နှစ်ပေါင်းအစိတ်လောက် ကိုယ်တွေ့ ကြုံခဲ့ရတဲ့ စီးပွားရေးအကြောင်းနဲ့ စီးပွားရေး သင်ခန်းစာတွေကို ပြန်လည် ရေးပြ ရှင်းလင်းထားတာတွေ ဖြစ်ပါတယ်။ စာအုပ်ကို အခန်းငယ်ပေါင်း ၆၀ ကျော်နဲ့ ရေးသား တင်ပြထားတာကို ဖတ်ရမှာပါ။ အခန်းနာမည်အချို့ကို ဖတ်ကြည့်လိုက်ရုံနဲ့တင် စီးပွားရေးပညာအတွက် ဖတ်ရှုဖို့ စိတ်ဝင်စားစေမှာပါ အသေအချာပါပဲ ....