လူဝင်စား သစ်သားရုပ်ကလေး ပီနိုချီယို

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
ဒီစာအုပ်က အီတာလျံ စာရေးဆရာ၊ သတင်းစာ ဆရာကြီး ကာလိုကော်လိုဒီ (၁၈၂၆ - ၁၈၉ဝ) ရဲ့ ဆန်းကြယ်တဲ့ စိတ်ကူးဉာဏ်ကနေ ပေါက်ဖွားလာတဲ့ ကမ္ဘာကျော် ကလေးစာပေ၊ ဂန္ထဝင်ပုံပြင်ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ ဒီပုံပြင်လေးကို ကျွန်တော်တို့ မြန်မာနိုင်ငံတင်မကပါဘူး၊ တစ်ကမ္ဘာလုံးက ကလေးငယ်တွေအားလုံးနီးပါး ကြားဖူးကြသလို သဘောကျနှစ်သက်ကြပါတယ်။ ကလေးပုံပြင်ဝတ္ထု ဆိုပေမယ့် လူကြီးတွေလည်း သဘောတွေ့ကြတဲ့ ပုံပြင်ပါ။ ပုံပြင်ရဲ့ အဓိက ဇာတ်ဆောင်က လူသားကလေး တစ်ယောက်မဟုတ်ဘူး။ သစ်သားရုပ်ကလေး တစ်ရုပ်မျှသာ ဖြစ်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ သက်တမ်းအရ၊ နှစ်ပေါင်းတစ်ရာကျော် ရှိနေပေမယ့်လည်း အခုချိန်ထိ ကျွန်တော်တို့ရင်ထဲမှာ စွဲထင်နေခဲ့တဲ့၊ ပီနိုချီယို ပုံပြင်လေးရဲ့ မူရင်းဝတ္ထုကို ဖတ်ရှု ခံစားကြည့်ကြရအောင် !