ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

2000 Kyats ကျပ်
ဆရာမောင်သိန်းဆိုင်ရဲ့ ဂန္ထဝင်လက်ရာ ဝတ္ထုရှည်တစ်ပုဒ်။ မောင်သိန်းဆိုင်ဆိုတဲ့ ကလောင်နာမည်နဲ့ တွဲဖက်ပြီး စာချစ်သူတွေ မှတ်မိနေကြတဲ့ ရေနံ့သာခင်ခင်ကြီး။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ရေနံ့သာခင်ခင်ကြီးဆိုတဲ့ ဝတ္ထုကတော့ စာဖတ်ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ရုပ်လုံးကြွ အသက်ဝင်ပြီးသား၊ ပုံရိပ်တွေ ရှင်သန်နိုးကြားပြီးသားပါပဲ။ ရေနံ့သာခင်ခင်ကြီးဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နာကြည်းဖွယ်၊ စက်ဆုပ်ဖွယ်၊ အံ့သြဖွယ်၊ အတုယူဖွယ်၊ လေးစားဖွယ်၊ ရွံမုန်းဖွယ် ဘဝအဖြစ်အပျက်၊ ခံစားချက်တွေကို လွမ်းမောဖွယ်ရာကောင်းအောင် အသက်သွင်းရေးဖွဲ့ထားတဲ့ ဝတ္ထုပါ။ လူလတ်တန်းစားနဲ့ အထက်တန်းစားတို့ရဲ့ ဘဝကို အခြေပြု၊ မိသားစုနှစ်ခုရဲ့ မာနနဲ့ အာဃာတကို အခြေပြု၊ ချစ်သူနှစ်ဦးရဲ့ ကံကြမ္မာ လှည့်စားမှုနဲ့ သံသယတို့ကို အခြေပြုတဲ့ စိတ်လှုပ်ရှား ဆွတ်ပျံ့ဖွယ်ရာ ဝတ္ထုရှည်ကြီးတစ်ပုဒ် ဖြစ်ပါတယ်။ စံအိမ်ကို ဖျက်ဆီးဖို့ ကြံစည်အားထုတ်နေတဲ့ ဦးကောင်းမိုးရယ်၊ ဦးကောင်းမိုးရဲ့ အကြံကို ခြေတစ်လှမ်းဦးပြီး ရိပ်မိနေတဲ့ ဦးအောင်ခန့်ရယ်၊ ဦးကောင်းမိုးရဲ့သား မောင်မောင်ဦးနဲ့ ခင်ခင်ကြီးတို့ရဲ့ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇာတ်လမ်းလေးရယ်၊ ရေနံချောင်းက ရေနံ့သာစံအိမ်ကြီးရယ်၊ ဂျပန်ခေတ် အရှုပ်အထွေးတွေနဲ့ စာဖတ်သူကို ဆွဲဆောင်သွားမယ့် ရသဝတ္ထုရှည်တစ်ပုဒ်ပါပဲ။