ပြန်လည်နိုးထစေလိုသော အချစ်၏မျက်နှာ

မောင်လှမျိုး (ချင်းချောင်းခြံ)

800 Kyats ကျပ်
ဝေယံလင်းက အစအနောက် အရမ်းသန်တဲ့သူ။ ဒါပေမဲ့ ကျောင်းမှာ သူ့ကိုမုန်းတဲ့လူ မရှိသလောက်ပဲ။ သူက စနောက်ပြီးရင် စိတ်ကျေနပ်တဲ့အထိ လိုက်တောင်းပန်တတ်တယ်။ နောက်ပြီး သူက စာလည်းတော်တယ်လေ။ သူ့ကိုကြည့်မရတဲ့လူ တစ်ယောက်တော့ရှိတယ်။ နာမည်က ခင်ကေခိုင်တဲ့။ ဝေယံလင်းက မျက်နှာပြောင်လွန်းလို့ ကြည့်မရဘူး။ အပေါင်းအသင်းမလုပ်ချင်ဘူးတဲ့။ အဲဒီမှာ ထူးထူးဆန်းဆန်းပဲ ဝေယံလင်းက ခင်ကေခိုင် သူ့ကို မုန်းနေတာကို မခံစားနိုင်ဘူးဖြစ်နေတာ…။ နောက်တော့ ခင်ကေခိုင်လို့ ခေါ်ရာကနေ ခိုင် လို့တစ်လုံးတည်း ခေါ်ခွင့်ရအောင် ဝေယံလင်း ဘယ်လိုကြိုးစားမလဲ? အနာဂတ်မှာ ဆရာဝေယံလင်း ဆိုတဲ့ လူတစ်ယောက်ဖြစ်လာအောင် သူ့ကို ဘယ်လိုအရာတွေက ပြောင်းလဲပေးမှာလဲ? ဆိုတာအပြင် ကြေကွဲဝမ်းနည်းစရာတွေကိုလည်း ဒီဝတ္ထုထဲမှာ ရင်ထဲအပြည့် ခံစားရမှာပါ။