ရဲတိုက်

မောင်ထွန်းသူ

1000 Kyats ကျပ်
ရဲတိုက်အမည်နဲ့ ဆရာမောင်ထွန်းသူဘာသာပြန်လိုက်တဲ့ ဒီစာအုပ်က A.J Cornin ရဲ့လက်ရာတွေထဲမှာမှ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ The Citadel ဆိုတဲ့ စာအုပ်ပါ။ ဒါက အန်ဒရူးမေဆင်လို့ အမည်ရတဲ့ ဆရာဝန်တစ်ဦးရဲ့ ဘဝနောက်ခံ ရသဝတ္ထုပါပဲ။ ဒေါက်တာအန်ဒရူးမေဆင်ဟာ ဆေးပညာကို လူထုလက်ထဲအရောက်ပို့ချင်တယ်။ သူ့ရှေ့ဆရာဝန်တွေနဲ့မတူပဲ ဆေးပညာအတွက်လမ်းသစ်ခင်းပေးချင်တယ်။ လမ်းဟောင်းကို လျှောက်ချင်သူတွေနဲ့ လမ်းသစ်ဖောက်ချင်သူတွေဆိုပြီး နှစ်မျိုးကွဲလွဲနေကြတယ်။ သဘောထားကွဲလွဲတဲ့အခါမှာ ပဋိပက္ခတွေဖြစ်လာပြီး ဒေါက်တာအန်ဒရူးမေဆင်အပေါ်ကို ဆေးကောင်စီက စွဲချက်တင်တဲ့အထိ ဖြစ်လာတယ်။ ဒါကို မေဆင် ရင်ဆိုင်ပုံက သိပ်ပညာသားပါတယ်။ ဆေးပညာနောက်ခံ ဂန္ထဝင် ရသဝတ္ထုမို့ တင်ဆက်လိုက်ပါတယ်ဗျ။