အကြွေပန်းပေမယ့် ရွှေနန်းတော့ထိုက်ချင်တယ်

မောင်စိန်ဝင်း(ပုတီးကုန်း)

600 Kyats ကျပ်
‘ဝေးကွာသွားစေမှုဟာ ချစ်သူတွေရဲ့ ကိုယ်ခန္ဓာ၊ ရုပ်ဘဝတွေကိုသာ လွှမ်းမိုးနိုင်ခဲ့တာပဲလေ။ စိတ်ချင်းရင်းနှီးကျွမ်းဝင်နေတာ၊ ရင်ထဲမှာ ထာဝရ ငြိတွယ်စိုးမိုးနေနိုင်ကြတာ ဘယ်အရာကများ ဝေးသွားအောင် ခွဲနိုင်ကြမှာမို့လို့လဲ’ တကယ်ကိုရင်ထဲထိသလို လက်တွေ့ဆန်တဲ့စာသားပါပဲ။ ဒါကဆရာ့ရဲ့လက်ရာပါပဲ။ ဆရာက စကားလုံးအသုံးအနှုန်း အဖွဲ့အဆိုမှာ တကယ်ကို သြချရလောက်အောင်ကောင်းတယ်ဆိုတာ ငြင်းဖွယ်ရာရှိမယ်မထင်။ ချစ်ခြင်းကိုဖွဲ့ဆိုတဲ့နေရာမှာလည်း တကယ်ကို ပြောင်မြောက်ပါတယ်။ ဒီစာအုပ်ထဲမှာလည်း အဲဒီလိုလက်ရာမြောက် တင်ပြမှုတွေအများကြီးပါပါတယ်။ >> သတ္တိရှိပြီး လိုချင်တာကို ရအောင်ယူတတ်တဲ့ခင်ဖုန်း၊ မိသားစုနဲ့ မောင်နှတွေရဲ့ ဘဝအောင်မြင်ရေးနဲ့ ဝမ်းရေးကို တာဝန်ယူနေရတဲ့ အောင်ထိုက်။ အောင်ထိုက်တို့ တစ်မိသားစုလုံးက သဘောကျ၊ အောင်ထိုက်ကိုလည်းဂရုစိုက်တဲ့ ဒေါက်တာချိုမြရည်။ သူတို့အပြင်တခြား စိတ်ဝင်စားစရာဇာတ်ကောင်တွေ။ ဒီဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းရဲ့ ဖွဲ့စည်းပုံက တကယ်ကိုကောင်းလွန်းပါတယ်။ မဖြစ်မနေဖတ်သင့်တဲ့ ဝတ္ထုတစ်ပုဒ်မို့ အိမ်မှာနေရင်း ဖတ်ကြည့်ပါဦးလို့။