စိတ္ဓာတ္အေမြခံ ပညာအေမြခံ

မောင်ခင်မင်(ဓနုဖြူ)

600 Kyats ကျပ်
ကျနော်အားလုံး ငယ်ငယ်ကတည်းက ပညာတွေ သင်လာကြတယ်။ ကျောင်းတက်တယ်။ စာကျက်တယ်။ စာမေးပွဲဖြေတယ်။ တက္ကသိုလ် တက်တဲ့အထိပါပဲ။ ဒါပေမယ့် ကျနော်တို့ တကယ်ပဲ ပညာတတ်ခဲ့ကြပါသလား လို့ ကိုယ့်ကိုယ်ကို ပြန်မေးရင် ဖြေဖို့ရာအတွက် အတော်ပဲ အားမရှိလှပါဘူး။ ဒါကို ဆရာ မောင်ခင်မင် (ဓနုဖြူ) က ပြောပြတယ်။ ပညာသင်ကြားမှု သင်ယူမှုမှာတဲ့၊ အကျက်အမှတ်ပဲ အားသန်ပြီး ကျိုးကြောင်းဆင်ခြင်မှု အားနည်းနေမယ် ဆိုရင် ခြေခြမြစ်မြစ် မတတ်ကျွမ်းတဲ့ ပညာတတ် အမည်ခံ လူတွေပဲ ပေါလာပြီး တကယ့် ပညာတတ်တွေ ရှားပါးနေပါလိမ့်မယ် လို့ ဆိုပါတယ်။ ဒီစာအုပ်ကတော့၊ အဲ့ဒီလိုမျိုး၊ ရှားပါးလာမှာ စိုးရိမ်ရတဲ့ တကယ့် ပညာတတ်တွေ များများ ပေါ်ထွက်ရေးကို ဦးတည် ရည်ရွယ်ပြီး ရေးသားထားတဲ့ ဆောင်းပါးတွေကို စုစည်းထားတာပါ။ ဖတ်လိုက်တိုင်း အကျိုးရှိစေတဲ့ ဆောင်းပါးတွေ ဖြစ်လို့ အားလုံးပဲ ဖတ်စေချင်ပါတယ်။