မောင်ပျိုးတဲ့အရိုင်းပန်း

မေပျိုကညာ

500 Kyats ကျပ်
သကၠရာဇ္ဈာန္က မိုးမခလွန်းကို အကြံအစည်တစ်ခုနဲ့ လိုက်နေတာ။ အဲဒီအကြံအစည်က ဘာလဲဆိုတော့ သူ့ရဲ့သူငယ်ချင်းက လွန်းကြောင့် သေသွားရတယ်လို့ သူခံယူထားတယ်။ ဒီတော့ လွန်းရဲ့ သိက္ခာတွေကို ရိုက်ချိုးမယ်၊ အရှက်ခွဲမယ်၊ အချစ်ကိုအရယူပြီး လက်စားချေမယ်ဆိုတဲ့ အကြံအစည်နဲ့ပေါ့။ ဒီလိုလုပ်တာက မှားတယ်လို့ သူငယ်ချင်းတွေက ထောက်ပြပေမဲ့ သူလက်မခံခဲ့ဘူး။ တကယ်တော့ လွန်းက ရိုးသားပါတယ်။ စိတ်ထားလည်းကောင်းတယ်။ လူချစ်လူခင်လည်း အင်မတန်ပေါတယ်။ နောက်တော့ လွန်း ကို သက္ကရာဇ်ဈာန် ရအောင်လိုက်တယ်။ မမနဲ့ မောင်အဆင့်ဖြစ်တယ်။ လက်ထပ်ဖြစ်သွားတယ်ပေါ့… အဲဒီနောက်ပိုင်းမှာ လွန်းကို သက္ကရာဇ်ဈာန် တကယ်ချစ်မိသွားမလား? ကြားလူအဖြစ်ရောက်ရှိလာတဲ့ မိုးထက်နဲ့ ဘေဘီ ကရော ဘယ်လိုပြဿနာတွေဖန်တီးကြမလဲ? အထင်လွဲမှုတွေ၊ ယုတ်မာမှုတွေ၊ ပြင်းရှတဲ့ချစ်ခြင်းတွေနဲ့ ဒီဝတ္ထုက တကယ်ကိုဖတ်လို့ကောင်းပါတယ်။