ရေမဲမြောင်း

နောင်ရိုး (ဆေးတပ်)

200 Kyats ကျပ်
အရက်ရှိန်ကြောင့် စိတ်ကြွနေသော နှင်းအောင်မှာ ပြောပြောဆိုဆိုနှင့် သရဲလှည်းပေါ် တက်ထိုင်ကာ အမြန်မောင်းထွက်သွားလေတော့သည်။ (မမူးခင်ကနှင့်များ တခြားဆီဘဲ) ကျန်လူများမှာ တားဆီးချိန်ပင်မရလိုက်ချေ။ ‘ဒီကောင်တော့ မူးမူးရူးရူးနဲ့ ဒုက္ခတော့ တွေ့တော့မှာပဲ’ ဟုဆိုကာ လှည်းများပေါ်တက်ကာ အမြန်လိုက် မောင်းသော်လည်း နှင်းအောင်မောင်းသွားသော လှည်းအား အရိပ်အယောင်ပင်မတွေ့ရတော့ချေ။ နှင်းအောင်မှာ သရဲနွားလှည်း အား မောင်းလိုက်သည်မှာ အလွန်ပင်မြန်သောကြောင့် သဘောပင်ကျနေသေးသည်။ လရောင်အောက်ဝယ် ရွာကိုတောင်လှမ်းမြင်နေရပြီဖြစ်ကာ ပါးစပ်မှလည်း ကျန်ခဲ့သော လူများအား ‘ငကြောက်တွေ.. မင်းတို့ ကြောက်နေတော့ ငါက နွားကော၊ လှည်းကော၊ ဆန်တွေကောရတာပေါ့ကွာ... ဟား....ဟား...ဟား...’ ‘ဘုတ်...’ ‘အား...’ ရယ်သံပင်မဆုံးသေး လူတစ်ကိုယ်လုံး လှည်းပေါ်တွင် ထိုင်နေရာမှ ပြုတ်ကျသလို ဖြစ်သွားပြီး လှည်းလမ်းအလယ်တွင် ငုတ်တုတ်ထိုင်လျက် ဖြစ်နေကာ လက်ထဲမှာလည်း အုန်းမှုတ်ခွက် မဲမဲကြီးနှစ်ခွက်အားကိုင်ထားလျှက် ဖြစ်နေသောကြောင့် ခဏတာ ကြောင်စီစီ ဖြစ်သွား၏။