သရက်ပင်ညီနောင်နှင့် တစ်မူးသာခဲ့သူတစ်ယောက်အကြောင်း

နောင်ရိုး(ဆေးတပ်)

200 Kyats ကျပ်
အရူးဖိုးထောင်ဆိုတာ သရက်တန်းရွာကလေးမှာ နေတဲ့ လူတစ်ယောက်။ အရူးဖိုးထောင်က အုန်းလက်မြင်းကိုစီး၊ ဘုန်းကြီးကျောင်းဆီ ဆွမ်းစားချိန်အမီသွား၊ ဘုန်းကြီး ဆွမ်းဘုန်းပြီးရင် သူ ထမင်းစားဖို့ အသင့်။ ပြီးရင် ဖိုးထောင်က သူနေတဲ့ သရက်ပင်ညီနောင်အောက် တဲကလေးဆီ ပြန်။ ဒါ နေ့စဉ် သူ့အလုပ်ပဲ။ ရွာအပြင်ဘက်က သရက်ပင်ညီနောင်အောက်မှာ အရူးဖိုးထောင်နေဖို့ တဲတစ်လုံး ဆောက်ထားပေးရတယ်။ အခြောက်အလှန့်ကြမ်းတဲ့ သရက်ပင်ညီနောင်အောက်မှာ ဖိုးထောင်လို အရူး ဘယ်လိုနေရဲသလဲဆိုတာကတော့ စာချစ်သူတို့ ကိုယ်တိုင်ပဲ ဆက်လက်ဖတ်ရှုလိုက်ပါဦးနော်။