ခေတ်ပြိုင်အိန္ဒိယရုပ်ရှင်များ

နေသစ်နီ

1500 Kyats ကျပ်
အိန္ဒိယ ရုပ်ရှင်တွေက ဒီဘက် (၂၁) ရာစုမှာ ပိုပိုပြီး ကောင်းမွန်လာတာကို ရုပ်ရှင်ချစ် ပရိသတ်တွေ အသိအမှတ်ပြုရမှာပါ။ Bollywood ရုပ်ရှင်လောကအပါအဝင် အိန္ဒိယရဲ့ ရုပ်ရှင်လောက များစွာက ရိုက်ကူးတင်ဆက်ခဲ့ကြတဲ့ အိန္ဒိယရုပ်ရှင်ကားတွေက ဖျော်ဖြေရေးအပြင်၊ အသိပညာ၊ ဗဟုသုတ၊ တွေးမြင်စရာ၊ လူ့သဘော လူ့စရိုက် လူ့သဘာဝ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုအရေး၊ ပညာရေး၊ အစစကို တင်ဆက်နေကြပါတယ်။ ‘ကုလားကားဆိုရင် အကများလို့ မကြိုက်ဘူး’ ဆိုသူတွေတောင် ဇာတ်အိမ်ဇာတ်ကွက်၊ ဇာတ်လမ်း တင်ဆက်ပုံ၊ သရုပ်ဆောင်မှုနဲ့ အနုပညာ၊ အတတ်ပညာ အင်အားကောင်းကောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကြောင့် အိန္ဒိယရုပ်ရှင်ပရိသတ် ဖြစ်လာခဲ့ကြပါတယ်။ အမီတာဘာဂျမ်း၊ ရှာရွတ်ခန်း၊ အမီရ်ခန်း၊ ဆဲလ်မန်ခန်း၊ အာရ်ဖာခန်း၊ နဝဂ်ဇူဒင်၊ အက်ရှေကူးမားရ်၊ အေဂျေးဒေ့ဗ်ဂန် စတဲ့ ဘောလိဝုဒ် သရုပ်ဆောင်မင်းသားတွေအပါအဝင် တမီလ်၊ တလ်ဂူရ် စတဲ့ အိန္ဒိယတောင်ပိုင်း ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက ခေတ်ပြိုင်အိန္ဒိယရုပ်ရှင်ဇာတ်ကားကောင်း များစွာကို ဒီစာအုပ်မှာ ဖတ်ရမှာပါ။ အနုပညာမြောက်တဲ့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ တင်ဆက်မှု၊ ဇာတ်အိမ်၊ သရုပ်ဆောင်ချက်၊ မြူးဇစ်နဲ့ ပေးချင်တဲ့ Message တွေကိုလည်း ခံစားကြရမယ့် ရုပ်ရှင်ခံစားမှု ဆောင်းပါးတွေမို့ ရုပ်ရှင်ချစ်သူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။