ထိပ္စီး

နေလရောင်

300 Kyats ကျပ်
လူတွေဟာ တစ်နေ့တခြား အသက်အရွယ်ကြီးလာတတ်ကြတယ်။ ခေတ်စကားနဲ့ ပြောရရင် ထိပ်စီးတွေ ပြောင်းလာတတ်တယ်ပေါ့။ ဒါဟာ သဘာဝဆိုပေမဲ့ ပြောင်းလဲလာတဲ့ ထိပ်စီးတွေ၊ အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချခဲ့ရဲ့လားဆိုတဲ့ မေးခွန်းကတော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းလိုလို ပြန်မေးကြည့်ဖို့ လိုတယ်နော…။ ဒီဝတ္ထုထဲမှာလည်း အဲဒီမေးခွန်းကို မြင်တွေ့ရမှာပါ။ ကျော်မိုး ဆိုတဲ့လူဟာ ၁၀ နှစ်ကျော်အရွယ်မှာ မိဘစကားနားမထောင်ခဲ့ဘူး။ ၂၀ ကျော်အရွယ်မှာ ပေါ့ပေါ့နေပေါ့ပေါ့စား။ ၃၀ ကျော်အရွယ်မှာ သောက်စားမူးရူး။ ၄၀ ကျော်အရွယ်မှာလည်း ဒီလိုပဲ သားမယားကို တာဝန်မယူဘူး အပျော်အပါးပဲမက်တယ်။ နောက်ဆုံး ၅၀ ကျော်အရွယ်မှာတော့ သူဟာ ဘဝနဲ့ရင်းရတဲ့ သင်ခန်းစာတစ်ခုကို ရသွားတဲ့အကြောင်း ဖတ်ရမှာပါ။ တကယ်ကို တန်ဖိုးရှိတဲ့ ဝတ္ထုတိုတစ်ပုဒ်ပါပဲ။