ရေတမာပင်အောက်က လူလေးယောက်နှင့် အခြားဝတ္ထုတိုများ

နေထွဋ်နောင်

800 Kyats ကျပ်
ပရလောက ဝတ္ထုတွေရဲ့ နောက်ကွယ်က အကြောင်းအရာတချို့ဟာ နားလည်ရှင်းလင်း သဘောပေါက်ဖို့ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပရလောကဆိုတာ သမိုင်းခေတ်ဦးကနေ ဒီကနေ့အထိ လူသားတွေရဲ့ ရင်ထဲမှာ စွဲထင်နေတဲ့ တမလွန်ရဲ့ အခြားစာမျက်နှာတစ်မျက်နှာပါပဲ။ သရဲအခြောက်ခံရတာတို့၊ မကောင်းတဲ့ ဝိညာဉ်တွေရဲ့ အနှောက်အယှက်ကို ခံရတာတို့၊ ဝင်ပူးတာတို့၊ ပြုစားတာတို့ ဆိုတဲ့ ကိစ္စမျိုးတွေက လူ့ပတ်ဝန်းကျင်မှာ မကြာခဏ ကြားနေ တွေ့နေရတဲ့ ဖြစ်ရပ်တွေပါပဲ။ စာရေးဆရာတွေဟာ ဒီလို ဖြစ်ရပ်တွေကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားခဲ့ရတာတွေလည်း ရှိ၊ ကိုယ်တိုင် ကြုံတွေ့ဖူးတာတွေလည်း ရှိတော့ ဒီဖြစ်ရပ်တွေထဲကမှ ဖြစ်နိုင်ချေရှိတဲ့၊ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတွေကို ကျောရိုးယူပြီး ဝတ္ထုအဖြစ် ပုံဖော်ရေးဖွဲ့ပြီး စာဖတ်သူတွေရဲ့ နှလုံးအိမ်ကို လှုပ်ခါစေတတ်ကြပါတယ်။ ဆရာနေထွဋ်နောင်ကလည်း သူ ကြားခဲ့၊ သိခဲ့၊ ကြုံခဲ့တဲ့ ဖြစ်ရပ်တွေထဲက ကောင်းနိုးရာရာ၊ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေကို ကျောရိုးယူပြီး ပရလောက ဝတ္ထုတွေကို ရေးသားခဲ့ပါတယ်။ တမလွန်နဲ့ ပရလောကရဲ့ ဆန်းကြယ်အံ့သြစရာ ဇာတ်လမ်းတွေကို စုစည်းထားတဲ့ ဒီစာအုပ်က သမားရိုးကျ ဇာတ်လမ်းတွေကို ဖတ်ရတာ ငြီးငွေ့နေတဲ့ စာချစ်သူတို့အတွက်တော့ အာသီသပြေပျောက်စေမှာပါ။ ရသတစ်ခုထက် ပိုတဲ့ အရသာတွေကိုလည်း ခံစားကြရမှာပါ။