ထိုတောင်တန်း၏ လျှို့ဝှက်ချက်

နေထွဋ်နောင်

800 Kyats ကျပ်
လူသုံး‌ယောက်နဲ့ ခွေးတစ်ကောင်၊ ရှမ်းတောင်တန်းတစ်နေရာမှာ ရွှေကြောရှာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရီးထွက်ခဲ့ကြရာက လူသားနဲ့ တိရစ္ဆာန်အပါအဝင် သဘာဝပတ်ဝန်းကျင်တို့ အပြန်အလှန် အမှီသဟဲပြုနေကြတဲ့ သဘာဝလောက အခြေအနေတွေဆီကို စာဖတ်သူကိုယ်တိုင် ရောက်ရှိသွားသလို ခံစားကြရမယ့် ဝတ္ထုရှည်တစ်ပုဒ်။ လူသူမရောက်တဲ့ တောင်တန်းကြီးတစ်ခုရဲ့ ထူးခြားဆန်းပြားမှုအပြည့်နဲ့ လျှို့ဝှက်ချက်တွေကို အခန်းပေါင်း (၃၀) နဲ့ ဖွဲ့စည်းရေးသားထားတဲ့ ဒီဝတ္ထုမှာ စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာ၊ အံ့အားသင့်စရာ၊ တုန်လှုပ်စရာ၊ ထိတ်လန့်စရာ အဖြစ်အပျက်တွေကို ရင်တသိမ့်သိမ့် ခံစားကြရမှာပါ။ ပရလောကနဲ့ ဆက်နွယ်နေတဲ့ ဒုတိယကမ္ဘာစစ်ကာလက အတိတ်ဖြစ်စဉ်တစ်ခု၊ အချိန်မဲ့ ဂူကြီးတစ်ဂူထဲ ပိတ်မိသွားပြီးနောက်မှာ သာမန်ထက်ပိုတဲ့ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရသူတွေ၊ ဒုတိယကမ္ဘာစစ်အတွင်း တောတွင်းတိုက်ပွဲ ဖြစ်ပွားခဲ့စဉ်က အဲဒီဂူကြီးထဲ ရောက်ပြီး ပိတ်မိနေတဲ့ အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး၊ ပြင်ပကမ္ဘာက ပုံမှန်အတိုင်း လည်ပတ်နေတဲ့ အချိန်ယန္တရားနဲ့ ထူးခြားတဲ့ အချိန်မဲ့ဂူထဲက အပိတ်လှောင်ခံ လူတစ်ဦးရဲ့ ချစ်ခြင်း၊ စတဲ့ စတဲ့ စွန့်စားခန်း၊ ဆန်းပြားမှု၊ အချစ်၊ အလွမ်း၊ လူ့သဘောသဘာဝ ရသစုံစုံလင်လင်နဲ့ ဇာတ်အိမ်ခိုင်ခိုင် ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့ စာချစ်သူတို့ အကြိုက်တွေ့ကြမှာ အသေအချာပါပဲ။