တိတ်ဆိတ်သော ရွာကလေး

နေထွဋ်နောင်

800 Kyats ကျပ်
စာရေးသူစိတ်ကြိုက် ရသကွဲပြားတဲ့ ဝတ္ထုတို (၆) ပုဒ်ကို စုစည်းတင်ဆက်မှု။ အချစ်နဲ့ သည်းထိတ်ရင်ဖိုခံစားမှုတွေနဲ့အတူ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာတပ်ကြပ်ရဲဘော်တစ်ဦး၊ ဂျပန်တွေလက်ထဲကနေ တပ်ပျက်ပြီး ထွက်ပြေးလာရင်း အသူရကယ်ဖြစ်နေတဲ့ ဘဝဟောင်းက ဇနီးဟောင်းရှိရာ အသူရကယ်ရွာကလေးကို ရောက်ရှိသွားတဲ့ ‘တိတ်ဆိတ်သော ရွာကလေး’ ။ သူငယ်ချင်းတစ်စု ဇာတ်ပွဲသွားကြည့်ရာကနေ အလွဲလွဲအချော်ချော် ဖြစ်ရတဲ့ ‘သန်းခေါင်ယံ ဟာသပြဇာတ်’ ဟာသဝတ္ထု။ အခြားကမ္ဘာက ဂြိုဟ်သားတစ်စု ကမ္ဘာမြေပြင်ပေါ် ရောက်လာပြီး မြန်မာကျေးလက်တောရွာက လူသားနှစ်ဦးကို ခေါ်ဆောင်သွားတဲ့ ‘မသိနိုင်သော နေ့စွဲများ’ သိပ္ပံစိတ်နယ်လွန်ဝတ္ထု။ သရဲကြောက်တတ်တဲ့ သူငယ်ချင်းနှစ်ဦး ဖဲရိုက်ကြရင်း ကြုံတွေ့ရတဲ့ ဟာသနဲ့ ချောက်ချားစရာ အဖြစ်အပျက်တွေကို ရေးဖွဲ့ထားတဲ့ ‘ဖဲရိုက်ကြသူများနှင့် သင်္ချိုင်းကုန်းမှ တောက်ခေါက်သံ’။ အစ်ကိုအရင်းနဲ့ ပြန်တွေ့ချိန်မှာ သူဆင်းရဲကနေ သူဌေးဖြစ်သွားတဲ့ ‘ကံရှိသလောက်’ ပညာပေးဇာတ်လမ်း။ ကဝေမျိုးနွယ်ကနေ ဆင်းသက်လာတဲ့ မိန်းမပျိုတစ်ဦးရဲ့ လူသားဘဝနဲ့ ကဝေတို့ရဲ့ ကျိန်စာကို ဖော်ကျူးထားတဲ့ ‘သစ္စာကဝေမလေးရဲ့ ချစ်ပုံပြင်’ … စတဲ့ ရသစုံ ဝတ္ထုတို (၆) ပုဒ် ပါဝင်ပါတယ်။