သိမှတ်စရာ အဖြာဖြာ

ဒေါက်တာသန့်စင်(ရူပဗေဒ)

800 Kyats ကျပ်
ယနေ့ခေတ်မှာ သိပ္ပံနည်းပညာဟာ တဟုန်းထိုး တိုးတက်ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ တော်တော်များများက လူငယ်လူရွယ်တွေဟာ ပညာခေတ်နဲ့အပြိုင် နည်းပညာကို အားကြိုးမာန်တက် လေ့လာနေကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက လူငယ်လေးတွေအတွက် အခြေခံသိပ္ပံပညာရပ်တွေနဲ့ ဗဟုသုတတွေကို နားလည်သဘောပေါက်နိုင်စေဖို့ ဒီစာအုပ်မှာ ရိုးရှင်းမြင်လွယ်တဲ့ ပုံတွေနဲ့တကွ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ နားလည်ဖို့ ခက်ခဲတဲ့ သိပ္ပံသဘောတရား၊ စကားလုံးတွေကို မဖော်ပြတော့ဘဲ အခြေခံအသိပညာတွေကိုပဲ ရေးသားထားတာကြောင့် လူငယ်လူရွယ်တွေ ဖတ်ရှုနားလည်နိုင်ဖို့နဲ့ အခြေခံပညာကျောင်းတွေအတွက် သိပ္ပံပညာသင်ကြားရာမှာ အထောက်အကူ ပြုနိုင်မှာပါ။