တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ

ဒေါက်တာသန်းထွန်း

800 Kyats ကျပ်
ဒေါက်တာသန်းထွန်းလို့ ဆိုလိုက်ရင် သမိုင်းအထောက်အထားနဲ့ ပက်သက်ပြီး ကျေးဇူးကြီးမားတဲ့ စာရေးသူတစ်ယောက်ဆိုတာကို အားလုံး သိထားကြမှာပါ။ အခုဒီစာအုပ်ကလည်း သမိုင်းထဲကအထောက်အထားတွေ၊ အချက်အလက်တွေပါပဲ။ အရင် သမိုင်းသုတေသန အသင်းထုတ် စာစောင်မှာ အပိုင်းပိုင်းဖြတ်ပြီး ထည့်ထားတဲ့ စာစဉ်တွေကို သေချာ ပြန်စုစည်းပြီး ထုတ်ဝေထားတာပါ။ ဒီစာအုပ်ထဲမှာ ပုဂံခေတ်က တရားဥပဒေတွေ၊ ပုဂံခေတ် ယဉ်ကျေးမှုနဲ့ တရားရာဇဝတ်ဖြတ်ထုံးတွေ၊ ကျောက်စာတွေမှာ ပါဝင်တဲ့ တရားသူကြီးနာမည်တွေ၊ တရားစီရင်ပုံတွေ၊ ကျောက်စာကောက်နုတ်ချက်တွေ နဲ့ ဓမ္မသတ်ကို စုံလင်နေအောင် မြင်တွေ့ဖတ်ရှုနိုင်ပါတယ်။ သမိုင်းဆိုတာ မအ အောင် သင်ရတယ်ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ စကားလိုပဲ သမိုင်းကို မအအောင် လေ့လာချင်တဲ့အခါ ဒီစာအုပ်ကို ဖတ်ရှုလေ့လာကြည့်လို့ ရပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။