ကိုယ်ဝန်ဆောင်တို့ သိသင့်သမျှ

ဒေါက်တာဂယက်

800 Kyats ကျပ်
ကိုယ်ဝန်ဆောင်သည်၊ မီးနေသည်ဆိုတာ အသွားအလာ၊ အစားအသောက်၊ အနေအထိုင်၊ နောက်ဆုံး စိတ်ခံစားချက်အထိ ဂရုတစိုက် ရှိရပါတယ်။ ကိုယ်ဝန်ဆောင်ကာလ၊ မွေးဖွားချိန်ကာလ၊ မီးနေသည်ကာလအတွင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သိတဲ့သူရှိသလို၊ မသိတဲ့သူတွေလည်းရှိမှာပါ။ အဲဒီအတွက် ဒီစာအုပ်ကို ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီစာအုပ်ထဲမှာ၊ မိခင်လောင်းတွေ မိခင်တွေ သိသင့်၊ သိထိုက်တဲ့ အကြောင်းအရာများစွာ ပါဝင်တယ်။ မိခင်တစ်ယောက်ရဲ့ အလှ၊ မွေးဖွားချိန်ခါ တွေ့ကြုံစရာ၊ မွေးစင်ပေါ်ရောက် မေမေတစ်ယောက်၊ မွေးမယ် ညှစ်မယ် နည်းအသွယ်သွယ်၊ မွေးပြီးကာစ မေမေ့ဘဝ၊ မီးနေသည်ဘဝ အစ၊ နို့ချိုတိုက်တာ မခက်ပါ၊ နို့ချိုတိုက်နည်း နိဿရည်း၊ မီးတွင်းကာလအစ မေမေ့ဘဝ အပါအဝင် အခြား မိခင်ဖြစ်မယ့်သူတွေ သိထားဖို့ လိုအပ်တာမှန်သမျှ ပြုစုပေးထားပါတယ်။