မွေးသရဲ

ဒဝေတာ

800 Kyats ကျပ်
ငွေကြေးအခက်အခဲဖြစ်နေတဲ့အတွက် သုဿာန်ကို အရဲစွန့်လာပြီး အလောင်းဖော်ဖို့ ကြိုးစားတဲ့ လူနှစ်ယောက်။ အိုက်ခမ်းနဲ့ ရာဂျူးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သေသွားတဲ့ ဦးကျင်ဟုတ်ရဲ့ အလောင်းက ရွှေသွားသုံးချောင်းကို ဖြုတ်ဖို့အတွက် အိုက်ခမ်းနဲ့ ရာဂျူးတို့ဟာ သုဿာန်က ဖုတ်တစ္ဆေကို ခုံဖိနပ် အစီအရင်နဲ့ အသားစိမ်း ငါးစိမ်းတွေ ကျွေးမွေး ခေါ်ခိုင်းပြီး ဦးကျင်ဟုတ် အလောင်းမြှုပ် မြေနေရာကို လမ်းပြအကူအညီတောင်းတဲ့အခါမှာတော့ လိပ်ပြာလွင့်မတတ် ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်ဆိုးတွေ ဆက်တိုက် ဖြစ်ပျက်လာပါတော့တယ်။ မွေးသရဲဆိုတာ ဘာလဲ၊ မွေးသရဲရဲ့ နောက်ကွယ်က ထိတ်လန့်စရာ အန္တရာယ်က ဘယ်လိုတွေလဲ၊ မွေးသရဲဇာတ်လမ်းရဲ့ ကျောချမ်းရင်တုန်စရာ အဖြစ်အပျက်တွေကို ကြက်သီးတဖြန်းဖြန်းထအောင် ခံစားဖတ်ရှုကြရမှာပါ။