ထွက်သက်

ဒဝေတာ

800 Kyats ကျပ်
>> တခါတလေ လူတစ်ယောက်က အဖြစ်အပျက်တစ်ခုကို ကယောင်ချောက်ချားလား၊ တကယ်လားနဲ့ မသဲမသကွဲ ခံစားရတတ်ပါတယ်။ မေမြတ်မိုးလည်း သူ့ယောက်ျား အလုပ်သွားတိုင်း အိမ်ထဲမှာ တစ်ယောက်ထဲနေခဲ့ရလို့လားမသိ၊ အဲဒီလို ခံစားမိနေတယ်။ တစ်နေ့၊ ဘေးအိမ်ကို လင်မယားနှစ်ယောက်ပြောင်းလာတယ်။ >> မိန်းမကို ယောက်ျားက နှိပ်စက်နေတယ်ဆိုတာ မထင်မှတ်ဘဲ သူသိလိုက်ရတယ်။ နောက်ဆုံးမိုးတွေသည်းတဲ့ ညမှာ အဲဒီမိန်းမကို ယောက်ျားလုပ်သူက သတ်လိုက်ပြီလို့ သူထင်နေတယ်။ မေမြတ်မိုးက သူ့ယောက်ျားကို ပြန်ပြောပြတော့ ဆရာသမားက အေးအေးဆေးဆေးပဲ။ သူများ အိမ်ထောင်ရေး ဝင်မစွက်ဖက်သင့်ဘူးဆိုပြီး မေမြတ်မိုးကို ဆေးတိုက်တယ်။ နောက်ဆုံး မနေနိုင်တော့တဲ့အခါ မေမြတ်မိုးက ဘေးအိမ်ကို အရဲစွန့်ပြီး စုံစမ်းဖို့ သွားတော့တာပဲ။ ဘာတွေဆက်ဖြစ်ကုန်လဲ ? လျှို့ဝှက်ချက်ဘာလဲ ဆိုတာတော့။