ဗေဒါလမ်း ကဗျာစု

ဇော်ဂျီ

800 Kyats ကျပ်
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာကို အားလုံးရင်းနှီးနေကြမယ်လို့ ထင်ပါတယ်။ "ဗေဒါလမ်း" ဟာ အဓိပ္ပာယ်ရှိသလောက် သိပ်ကိုနာမည်ကြီးခဲ့တဲ့ ဗေဒါကဗျာလေးတွေကို စုပေါင်းထားတဲ့ စာအုပ်တစ်အုပ်ပါ။ တစ်ပုဒ်ချင်းစီမှာ ဗေဒါလေးရဲ့ အားမာန်ကို တွေ့ရသလို တစ်ကြောင်းချင်း၊ တစ်ပိုဒ်ချင်း ဘာသာပြန် အနက်ဖော်ဖတ်ရင်းနဲ့ ဗေဒါပင်လေးရဲ့ ဇွဲနဲ့ သတ္တိကို အံ့မခန်း တွေ့မြင်ရမှာပါ။ ဗေဒါပင်ကလေးတောင် လှိုင်း၊ လေ၊ မုန်တိုင်းဒဏ် မမှုဘဲ ကြံ့ကြံ့ခံနိုင်တာ၊ ကိုယ်တို့လူသားတွေ အနေနဲ့ဆို ဗေဒါလေးထက် မလျော့တဲ့ဇွဲ၊ လုံ့လတွေ ရှိသင့်ဖို့ လိုကြောင်း လမ်းညွှန်ထားတဲ့ လောကဓံလှိုင်းတံပိုးတွေကို ရင်ဆိုင် ဖြတ်ကျော်နိုင်ဖို့အတွက် စိတ်ခွန်အားဖြည့်စေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ။ - Recommended by ဝိုင်းစိန် - (Member of Wun Zinn Readers Club)