အောင်မြတ်သာနှင့် ရေသရဲ

ဇယေန(ရာမည)

200 Kyats ကျပ်
ရေဘဝဲ မဟုတ်တဲ့ "ရေသရဲ" ပါ။ ပရလောက ဖြစ်ရပ်ဆန်းကြယ်တွေကို ချောက်ချောက်ချားချားနဲ့ ဖတ်ရတာ နှစ်ခြိုက်တဲ့ စာချစ်သူဆိုရင် ဒီစာအုပ်လေးကို လက်မလွှတ်သင့်ပါဘူးနော်။ အောင်မြတ်သာတို့ ဆရာတပည့်သုံးဦးဟာ ခရီးထွက်လာကြရင်း ဧရာဝတီတိုင်းက လမုတန်းဆိုတဲ့ ရွာကလေးဆီ ရောက်လာကြပါတယ်။ လမုတန်းဟာ ဟိုးအရင်က စီးပွားရေးပြေလည်လို့ စည်စည်ပင်ပင်ရှိပေမယ့် အောင်မြတ်သာတို့ ရောက်သွားတဲ့အချိန်မှာတော့ စီးပွားရေးချို့ငဲ့လို့ ခြောက်ခြောက်ကပ်ကပ် ဖြစ်နေပါတယ်။ ရွာဦးကျောင်းမှာ ကိုးကွယ်စရာဘုန်းကြီးကမရှိ၊ ရွာဘေးက နွားသေချောင်းမှာလည်း လူတွေခဏခဏသေ၊ တံငါရွာလေး ဖြစ်တဲ့အပြင် ဘာသာတရားကလည်းအားနည်းတော့ ကံဆိုးမိုးမှောင်မှုတွေဟာ ရွာကလေးအပေါ် ကျရောက်လာခဲ့ပါတယ်။ အောင်မြတ်သာအနေနဲ့ လမုတန်းရွာကလေးကို ကံကြမ္မာဆိုးကနေ ဘယ်လိုကယ်တင်မလဲ၊ နတ်စမ်းချောင်းတစ်ဖြစ်လဲ နွားသေချောင်းက အမှောင့်ပယောဂတွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ ရင်တလှပ်လှပ်နဲ့ ဝန်ဇင်းမှာ ဖတ်ရင်း ခံစားကြည့်ကြပါဦးနော်။