အောင်မြတ်သာနှင့် မောင်းတစ်လုံးမြဒင်

ဇယေန(ရာမည)

200 Kyats ကျပ်
... မြနု ယောက်ျားနောက် ခိုးပြေးတော့ မြနုမိဘတွေက အမွေပြတ် စွန့်လွှတ်ခဲ့ကြတယ်။ ဒီလိုနဲ့ မြနုရဲ့ ဘဝက ကြမ်းတမ်းခဲ့တယ်။ သောင်းဒင်ကတော့ မြနု ကိုယ်ဝန်ရခါစမှာပဲ ကြက်ဝိုင်းမှာ ရန်ဖြစ်ပြီး ဓားထိုးခံလိုက်ရတယ်။ ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ပဲ သောင်းဒင် ဆုံးသွားတယ်။ အခုတော့ သောင်းဒင်နဲ့ သားလေးကို မွေးပြီး မြနုလည်း မီးတွင်းထဲ ဆုံးခဲ့ရပြန်တယ်။ မြနုကို မြေချပြီးတဲ့နေ့မှာပဲ ကလေးကို မြနုမိဘတွေက လာပြန်ခေါ်သွားကြတယ်။ ရွာက လူတွေကတော့ ကလေးကို သောင်းဒင် ဝင်စားတာတဲ့။ ပြောလည်း ပြောချင်စရာပဲ။ သောင်းဒင်မှ သောင်းဒင်မျက်နှာ၊ အကြောတင်းတာကအစ တစ်ပုံစံတည်း။