အောင်မြတ်သာနှင့် အိမ့်တလိမ့်စုန်း

ဇယေန(ရာမည)

200 Kyats ကျပ်
... "ရှင်တို့ ကြည့်ရတာ ခရီးသွားတွေ ထင်တယ် ဒီမိန်းမက ဒီရွာကပဲ ရွာထဲမှာ သူမကျေနပ်တဲ့ သူတွေကို သူ့ပညာနဲ့ ပြုစားခဲ့တာ သူက စုန်းမတစ်ယောက် ဆိုတာ အရင်က မသိခဲ့ဘူး သူကရွာမှာ အတိုးချေးစားတယ် သူသတ်မှတ်တဲ့ရက် ရောက်လို့ အတိုးမပေးနိုင်ဘူးဆိုရင် အဲဒီလူကို ပြုစားလိုက်ရော သူ့ကြောင့် သေတဲ့လူတွေ ၃ယောက်လောက် ရှိနေပြီ အခုမှ ဘကြီးအုန်း ပြန်ရောက်လာမှ ဒီမိန်းမက စုန်းမဆိုတာ သိရတာ" "ဘကြီးအုန်း ဆိုတာက ခုနက လွယ်အိတ် လွယ်ထားတဲ့ အဘလား" "ဟုတ်တယ် သူ့ရဲ့မျိုးရိုးစဉ်ဆက် ပယောဂကုလာတာ သူ ဒီရွာကနေ ထွက်သွားတာ ကြာပြီ အခုမှ သူ့အစ်မ နေမကောင်းလို့ ပြန်လာတာ သူပြန်လာတော့မှ သူ့အစ်မက ပြုစားခံရတာ သိလို့ ဒီစုန်းမကို ဖမ်းတာ" "အခု ဒီစုန်းမကို ဘာလုပ်ကြမလို့လဲ" "ဒီစုန်းမကို မနက်ဖြန်ညနေ ရေချသတ်မယ်လို့ ပြောတယ်" "ဗျာ ရေချသတ်မယ် ဟုတ်လား ကျုပ် တစ်ခါမှ မကြားဖူးဘူး ပြောပြပါဦး"