အောင်မြတ်သာနှင့် အရူးကျင့်စဉ်

ဇယေန(ရာမည)

200 Kyats ကျပ်
ဆရာနဲ့ မတွေ့တဲ့နောက်ပိုင်း ကျွန်တော် ဇာတိမြေလေးမှာ လူတွေရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် ကူညီပေးခဲ့တယ်။ ကျွန်တော် ပြန်ရောက်ပြီး တစ်နှစ်လောက်မှာ အမေက လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ ဆရာ သင်ကြားပေးခဲ့တဲ့ ပညာကိုလည်း မလျော့ပါးအောင် ဆည်းပူး လေ့ကျင့်ခဲ့တာ အတော်အတန် ပေါက်မြောက်ခဲ့တယ်။ အင်းစမတွေနဲ့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ပေးနေသလို ဆရာရဲ့သတင်းကိုလည်း မပြတ်စုံစမ်းခဲ့တယ်။ ဒါပေမဲ့ ဆရာ့သတင်းက အစအနပင် မကြားရဘူး။ တစ်ညမှာတော့ ဆရာကို အိပ်မက်ထဲမှာ မြင်လိုက်ရတယ်။ အိပ်မက်ထဲမှာ ယခင်က မည်းနက်နေတဲ့ ဆရာဆံပင်တွေက နီကြောင်ကြောင် အရောင်ဖြစ်နေပြီး ယောဂီရောင်အင်္ကျီက ဟောင်းနွမ်း စုတ်ပြတ်နေတယ်။ ဒါပေမဲ့ ဆရာ့မျက်လုံးကတော့ အရင်အတိုင်း စူးရှနေဆဲပဲ။ ဆရာက ကျွန်တော်အိမ်ရှေ့ မတ်တတ်ရပ်ပြီး "မနက်ဖြန် ညောင်ဦးကို လာခဲ့။ ညောင်ဦးရောက်ရင် သစ်ပုတ်ပင်ဆိုတဲ့ ရွာထိပ်က ဇရပ်မှာ ငါရှိနေမယ်" လို့ပြောပြီး ပျောက်သွားတယ်။