အောင်မြတ်သာနှင့် ကိုယ်ပျောက်မှင်စာ

ဇယေန(ရာမည)

200 Kyats ကျပ်
ပြီးခဲ့တဲ့ အပိုင်းတုန်းက ကေသလာတောင်မှာ ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိကြမှာပါ။ မသိလိုက်ရဘူးဆိုရင် ခပ်မြန်မြန်လေးပြေးဖတ်ကြနော်။ ဒီအပိုင်းမှာတော့ ကိုယ်ပျောက်ဝတ်စုံယူသွားတဲ့ မှင်စာကို ဆုံးမဖို့ ထုံးကျောက်တောင်ကို အောင်မြတ်သာတို့ ဆရာတပည့်တွေသွားကြတယ်။ ဒါပေမဲ့၊ မှင်စာသိုက်ကို သူတို့တွေရှာမတွေ့ကြဘူးဗျ။ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီမှာစတာပဲ။ စွမ်းပါတယ်ဆိုတဲ့ လူတွေတောင် ရှာမတွေ့တဲ့ကိစ္စပေါ့။ ဒီတော့ မှင်စာသိုက်ကို ဘယ်လိုရှာကြမလဲ ? နောက်ပြီး ... နွယ်ရှင်တွေ၊ ကိုယ်ပျောက်ဝတ်စုံ၊ များပြားလှတဲ့ မှင်စာတွေနဲ့ အောင်မြတ်သာတို့ ကြုံခဲ့ရတဲ့ ဒုက္ခပေါင်းစုံကို ဒီစာအုပ်ထဲမှာ ဆက်လက်မြင်တွေ့ရမှာပါ။