အောင်မြတ်သာနှင့် လေးဘုံအပါယ်

ဇယေန(ရာမည)

200 Kyats ကျပ်
>> ရွာတွေမှာ အကျွေးအမွေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အသားငါးကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် မဖြစ်မနေအားကိုးရတဲ့ လူတစ်ယောက် အမြဲတမ်း ရှိတတ်ပါတယ်။ ဘိုကံ ဆိုတဲ့လူကလည်း၊ ရွာမှာ အသားရှာ၊ ငါးရှာဆို သူ့ပဲ အားကိုးရတာ။ တစ်နေ့တော့၊ ဘိုကံတစ်ယောက် ကံအကြောင်းမလှစွာနဲ့ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတယ်။ >> ဒါပေမဲ့၊ ဘိုကံက သူငယ်ချင်းအိမ်မှာ နွားအဖြစ် ပြန်ဝင်စားခဲ့တယ်။ ဘိုကံဟာ တိရစ္ဆာန်အဖြစ်နဲ့ ဘဝပေါင်းများစွာကို ဝင်စားပြီး ဖြတ်သန်းခဲ့ရတယ်။ တစ်နေ့တော့ ဘိုကံဟာ ယောဂီဝတ်လူတစ်ယောက်နဲ့ ဆုံတွေ့ပြီး အသိတရား ရသွားပါတယ်။ အဲဒီယောဂီဝတ်ကတော့ ကျနော်တို့ရဲ့ အောင်မြတ်သာပါပဲ။ အောင်မြတ်သာနဲ့ တွေ့တဲ့အခါ ဘိုကံရဲ့ ဘဝ၊ ဘယ်လို အပြောင်းအလဲတွေဖြစ်မလဲ ? ဘာတွေကြုံတွေ့ရမလဲ ? ဒီဝတ္ထုထဲမှာ ဘာစိတ်ဝင်စားစရာတွေ ရှိနေဦးမလဲ ?