အောင်မြတ်သာနှင့် အာစက်လျှာစက်

ဇယေန(ရာမည)

200 Kyats ကျပ်
အောင်မြတ်သာတို့လည်း ဖိုးရွှေမှင်ရဲ့ အကူအညီ တောင်းခံမှုကြောင့် ရွာကနေ ထွက်ပြီးပြီးချင်း ဖိုးရွှေမှင်ရဲ့ ညီဖြစ်သူရှိရာ ရွာဆီကို ထွက်လာခဲ့ကြပါတယ်။ ခရီးဆက်လာရင်း ရွာတစ်ရွာ ရောက်တော့ ရွာအဝင်ဝမှာ ကြီးမားတဲ့ ညောင်ပင်ကြီး တစ်ပင်ကို တွေ့လိုက်ကြရတယ်။ ညောင်ပင်က နှစ်ကာလသက်တမ်း ဘယ်လောက် ကြာနေပြီလဲဆိုတာ မပြောတတ်ပေမဲ့ လူကြီးလေးဖက်စာလောက်ရှိတဲ့ ညောင်ပင်ရဲ့ ပင်စည်ကိုမြင်ပြီး နှစ် (၁၀ဝ) ကျော် သက်တမ်း ရှိလိမ့်မယ်လို့ အောင်မြတ်သာက ခန့်မှန်းမိတယ်။ ညောင်ပင်အောက် ရောက်တော့ အောင်မြတ်သာက ဖိုးငွေမှင်ဆိုတဲ့ နာမည်ကို ခေါ်လိုက်တော့ ညောင်ပင်ထိပ်ဖျားကနေ တောင်ဝှေးတစ်ချောင်းကို ကိုင်ပြီး လမ်းလျှောက် ဆင်းလာတဲ့ ယောဂီဝတ်စုံဝတ် အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရတယ်။ ဖိုးရွှေမှင်ရဲ့ညီ ဖိုးငွေမှင်ပေါ့။ ကဲ … ဒီဇာတ်လမ်းမှာ အောင်မြတ်သာတစ်ယောက် ဘယ်လို ပြဿနာမျိုးတွေကို ဖြေရှင်းရမလဲဆိုတာကို သိချင်ရင်တော့ …