အောင်မြတ်သာနှင့် မိစ္ဆာဖမ်းစားလူငယ်များ

ဇယေန(ရာမည)

200 Kyats ကျပ်
ပြဿနာအစက ကိုမျိုးတို့ ဆိုင်းအဖွဲ့ကလို့ ပြောရမလား။ စည်းကြီးတယ်လို့ ပြောပြောနေကြတဲ့ 'ကုလားမတောင်' အရှုပ်ဇာတ်လို့ ပြောရမလားပဲ။ သေချာတာကတော့ ကုလားမတောင်ကိုဖြတ်ရင် အရက်သေစာသောက်စားတာတို့၊ အမဲသားယူတာတို့ မလုပ်ရဘူး။ ဒါပေမဲ့ ဆိုင်းအဖွဲ့ထဲက လူတစ်ယောက်က စည်းဖောက်မိလို့ ဆိုင်းအဖွဲ့ ကားမှောက်သွားတယ်။ ပိုဆိုးတာက ဒဏ်ရာသိပ်မကြီးပေမဲ့ ကားမှောက်ပြီး သတိလစ်နေရာကနေ နိုးမလာတော့ဘူး။ နောက်မှသိရတာ ကုလားမတောင်က တောင်သခင်မက သူတို့ရဲ့ကားကို မှောက်အောင်လုပ်ပြီး ဝိညာဉ်ကို ဖမ်းစားထားလို့ မနိုးတာတဲ့။ ဒီအချိန်မှာ အောင်မြတ်သာတို့ ဆရာတပည့်တွေ ပေါ်လာပြီး ပြဿနာကို ဖြေရှင်းကြတော့တာပေါ့။ ဒီဇာတ်လမ်းထဲမှာ အယောင်ဆောင်ဘီလူးမ၊ ငရဲခွေးတွေ၊ ကုလားမတောင်ရဲ့ ရာဇဝင်တွေနဲ့အတူ အောင်မြတ်သာတို့ရဲ့ ရှင်းခန်းတွေကို အားရပါးရ ဖတ်ရမှာဗျ။