အောင်မြတ်သာနှင့် ကတ္တီပါစံအိမ်

ဇယေန(ရာမည)

200 Kyats ကျပ်
သီပေါမင်း ပါတော်မူပြီးနောက်မှာ သူ့ကျွန်ဘဝကနေ လွတ်မြောက်လိုတဲ့ မြန်မာတွေဟာ နယ်ချဲ့အင်္ဂလိပ်ကို ရရာလက်နက် စွဲကိုင်ပြီး တော်လှန်ပုန်ကန်ခဲ့ကြပါတယ်။ ပါတော်မူပြီးနောက်မှာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ထားရှိသူတွေကလည်း တိုင်းပြည်အရေးထက် မိမိ ကိုယ်ကျိုးကိုသာ ကြည့်ပြီး ကိုယ်ကျိုးရှာခဲ့ကြပါတယ်။ ဒီအထဲမှာ ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ထဲက မောင်မှတ်ဆိုသူဟာ ဘဏ္ဍာတိုက်ထဲက ရတနာတွေကို ခိုးယူပြီး မတ္တရာနယ်ဘက်မှာ ဇာတ်မြှုပ်လို့ စီးပွားရေး လုပ်ကိုင်ရင်း အောင်မြင်လာတဲ့အခါ စံအိမ်ကြီးတစ်အိမ် ဆောက်လုပ်ပြီး ကတ္တီပါစံအိမ်လို့ အမည်ပေးခဲ့ပါတယ်။ အဲဒီနောက် မတရားရှာဖွေထားတဲ့ ဥစ္စာပစ္စည်းတွေရဲ့ ခြောက်လှန့်မှုနဲ့ ကတ္တီပါစံအိမ် မိသားစုဟာလည်း ကံဆိုးမိုးမှောင် ကျခဲ့ပါတော့တယ်။ ဒါ့အပြင် ချောက်ချားဖွယ် ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တဲ့ ကတ္တီပါစံအိမ်ကြီးဟာ လူသတ်မှုတွေ၊ လူသေမှုတွေ၊ မကျွတ်မလွတ်တဲ့ ဝိညာဉ်တွေနဲ့ နှစ်ပေါင်းများစွာတိုင်အောင် ပြောစမတ် ဖြစ်လာခဲ့ပါတော့တယ်။ ဒီလို ချောက်ချားဖွယ်ရာ ကတ္တီပါစံအိမ်ကြီးဆီ အောင်မြတ်သာတို့ ဆရာတပည့် ရောက်သွားတဲ့အခါ ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ရင်ဆိုင်ရမလဲ၊ ဖတ်ရှုကြည့်လိုက်ရအောင် !