ဖွေရှာမောရသူမယ်

ဆေးဆေ

600 Kyats ကျပ်
မိဘနှစ်ပါး အတူမနေကြရတဲ့၊ ခွဲခွာနေကြရတဲ့ မိသားစုက ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရှိတတ်ကြပါတယ်။ တချို့က ပေတုံးပေါ်က သံတွေသံခဲလို မာကျောသွားကြတယ်။ တချို့ကျတော့ ပတ်ဝန်းကျင်နဲ့ သူစိမ်းတွေကို ကြောက်ရွံ့သွားတတ်တဲ့ ယုန်သူငယ်လေးလို ဖြစ်သွားတတ်တယ်။ သူစိမ်း တစ်ယောက်လို တစ်ခါတစ်ရံမှ လာတွေ့တတ်တဲ့ အဖေကို စိတ်ထဲ နာကြည်းနေတဲ့ မွေ့မွန်ဟာ အမေတစ်ယောက်သာ မှီတွယ်ရာရှိတဲ့ ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာပဲ ရှင်သန်နေသူ။ လူ့လောကကို စရောက်ကတည်းက သူတို့သားအမိကို ပစ်ထားတယ် ဆိုပြီး အဖေကို စိတ်နာနေခဲ့သူ။ သမီးကို ချစ်ပေမဲ့ စိတ်ဓာတ် ကြံ့ခိုင်စေချင်တဲ့ အမေက ခပ်စိမ်းစိမ်း နေပြလိုက်လို့ အမေကိုပါ မွေ့မွန် တစ်ယောက် စိတ်နာသွားခဲ့တယ်။ အဲဒီလို မိသားစုတစ်ခုထဲက မွေ့မွန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဖြတ်သန်းမှုတွေကို ချင်းတွင်းမြစ် အထက်ပိုင်း၊ မော်လိုက်မြို့လေးက မွေ့မွန်ဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ အကင်းမသေနိုင်သေးတဲ့ အထီးကျန်ဝမ်းနည်းမှုတွေနဲ့အတူ အရုပ်မြို့တော်လို့ မွေ့မွန် တင်စားထားတဲ့ ယူအေအီးနိုင်ငံအထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။