သစ်ပင်အောက်က လူတစ်စု

စောကြည်ဖြူ(သုခချမ်းသာ)

200 Kyats ကျပ်
ဖြစ်ပုံက စပ်စုလွန်းတဲ့ ငပိုင်က စတာပဲ။ သူကကျောင်းတက်နေရင်း သူ့အစ်မဆေးရုံမှာ အတူတူလိုက်နေရတာ။ အားရင် အေးအေးဆေးဆေး မနေတတ်တဲ့ ငပိုင်က ဆေးရုံရဲ့ရင်ခွဲရုံမှာ လူသေအလောင်းတွေ ခွဲစိတ်တာကို သွားစပ်စုသတဲ့။ ပြီးမှ ကြောက်လန့်ပြီး ဒုက္ခရောက်တာပေါ့။ နဂိုကမှ ကြောက်ထားတဲ့အခံ ရှိနေတာ၊ ကံဆိုးသလားမသိ။ တစ်နေ့ညဘက်ကြီး အရေးပေါ်လူနာရောက်လာလို့ ဆေးရုံအုပ်ကြီးရဲ့သားကို ငပိုင်က အိမ်ပြန်ပြီး သွားခေါ်ပြောရတယ်။ ညကလည်းနက်၊ သွားတဲ့လမ်းကလည်း လူပြတ်တဲ့ ဖြတ်လမ်း။ လမ်းသွားရင်း သစ်ပင်အောက်က လူတစ်စုနဲ့ ငပိုင် တွေ့ကြတဲ့အခါမှာတော့ ...