ပါရမီရှင် မောင်သာဒင်

စောကြည်ဖြူ(သုခချမ်းသာ)

200 Kyats ကျပ်
သာဒင်ဆိုတဲ့ကောင်လေးက မင်းလှရွာလေးမှာ မွေးဖွားခဲ့တယ်။ ဒါပေမဲ့၊ ကံဆိုးချင်တော့ သူ့ကိုမွေးမွေးပြီးချင်း အမေက ဆုံးပါးသွားတယ်။ အဖေကလည်း ပျောက်ချင်းမလှ ပျောက်သွားတယ်။ ဒါနဲ့ပဲ လက်သည်အဒေါ်ကြီးဖြစ်တဲ့ ဒေါ်နှင်းမြကပဲ သာဒင်ကို မွေးစားလိုက်ရတာပေါ့။ သာဒင်က လူထူးလူဆန်းတစ်ယောက်ပဲဗျ။ သူက ပရလောကသားတွေကို မြင်ရတယ်။ နောက်ပြီး အကြားအမြင်ဆန်ဆန် အာရုံတွေရလာတယ်။ သာဒင်က ပါရမီရှင်တဲ့။ ဒေါ်နှင်းမြကို သာဒင်ရဲ့မိခင်အရင်းက အိပ်မက်ထဲမှာပြောသွားတာ။ ကဲ ... ဒီလိုဆိုတော့၊ ပါရမီရှင် မောင်သာဒင်ရဲ့ ဇာတ်လမ်းက ဘယ်လိုများဖြစ်မလဲ ?