မတောင်းပန်နဲ့ ဗြောင်းဆန်အောင် ခြောက်မယ်

စေတန်

600 Kyats ကျပ်
သရဲအခြောက်ကြမ်းတဲ့ ခြောက်ထပ်တိုက်ကြီး .... တကယ်တော့ ဒီတိုက်ကြီးဟာ ဟက်ပီးဝေါကစားကွင်းက သရဲ ခြောက်သော အိမ်ကြီးလိုမျိုးပါ။ ဝင်ကြေးက လူတစ်ဦးကို တစ်နာရီ ကျပ် ၃၀၀၀။ သူ့စည်းကမ်းက ကလေးငယ်တွေ၊ နှလုံးရောဂါရှိသူတွေ၊ ကြောက်တတ်လွန်းသူတွေ မဝင်ရတဲ့ ... လူလေးဦးထက်နည်းပြီးလည်း မဝင်ရ။ ဘာကြောင့်လဲဆိုတော့ သရဲခြောက်တဲ့ အရသာကို ခံစားချင်သူတွေအတွက် အပြင်းစားအရသာတွေကို တစ်ထပ်နဲ့ တစ်ထပ်မတူအောင်၊ တစ်ထပ်ထက်တစ်ထပ် ပိုပိုပြီး ဗြောင်းဆန်အောင် ခြောက်အောင် ဖန်တီးထားတာမို့ပါ။ ဒါပေမယ့် ဒီသရဲ အခြောက်ကြမ်းတဲ့ ခြောက်ထပ်တိုက်ကြီးက မဖွင့်သေး။ အဲဒီလို မဖွင့်သေးခင်မှာပဲ ပိုင်ရှင်ဖြစ်သူက သူ့သူငယ်ချင်း ငါးဦးကို ခေါ်ပြီး အဲဒီ သရဲအခြောက်ကြမ်းတယ်ဆိုတဲ့ ခြောက်ထပ်တိုက်ကြီးထဲ စမ်းသပ်ဝင်ရောက်ခိုင်းလိုက်တယ်။ သူငယ်ချင်းတွေကလည်း သရဲမကြောက်တတ်သူများမို့ ခပ်တည်တည်ပဲ ဝင်ရောက်သွားခဲ့တယ်။ အဲ့ဒီအခါမှာတော့ … သရဲမကြောက်ပါဘူးဆိုသူများ ကြောက်ဒူးများ တဆတ်ဆတ်တုန်ကာ တောင်းပန်ရသည်အထိ ဖြစ်လာခဲ့ရတယ်။ သရဲအခြောက်အကြမ်းတဲ့ ခြောက်ထပ် တိုက်ကြီးထဲမှာ ဘာတွေ ဖြစ်ကြလဲ ?