ကားပျက်သောညတစ်ည

စေတန်(နတ်ဆိုး)

200 Kyats ကျပ်
ညသန်းခေါင်ကြီး နယ်ဝေးခရီးကို တစ်ယောက်ထဲကားမောင်းရရင် တော်တော်ကို ကြောက်ဖို့ကောင်းမှာဗျ။ လမ်းမှာသာ ကားပျက်လိုက်လို့ကတော့ သွားပြီပေါ့။ အဲဒီ သွားပြီပေါ့ ဆိုတာကို ဒီဇာတ်လမ်းထဲမှာ သေချာမြင်ရမှာ။ အဖွားဆုံးလို့ဆိုပြီး နယ်ကိုညဖက်ကြီး ကားမောင်းသွားတဲ့ လူတစ်ယောက်။ လမ်းမှာကားပျက်ပြီး မီးရောင်မြင်ရတဲ့အဆောက်အအုံတစ်ခုကို အကူအညီတောင်းဖို့သွားလိုက်တယ်။ အဆောက်အအုံက ရာဘာပြားစက်ရုံကြီး ဖြစ်နေတယ်။ ဒါနဲ့စက်ရုံပိုင်ရှင်ကို အကူအညီတောင်းပြီးတစ်ည တည်းခိုလိုက်တယ်။ ဒါပေမဲ့ ညသန်းခေါင်အချိန်မှာ စက်ရုံထဲကလူတွေအကုန်လုံး မီးကျွမ်းထားသလို ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါ …