ကျတ်တစ္ဆေရွာ

စေတန်(နတ်ဆိုး)

200 Kyats ကျပ်
တက္ကစီမောင်းတဲ့လူ၊ သုံးဘီးမောင်းတဲ့လူ၊ ကယ်ရီမောင်းတဲ့လူ တော်တော်များများက တခြားလူတွေထက် အတွေ့အကြုံ ပိုရှိတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ်နဲ့အမျှ လူမျိုးစုံ အကြောင်းအရာမျိုးစုံနဲ့ ဆက်ဆံရလို့ပါ။ သူတို့မှာရှိတဲ့ အတွေ့အကြုံတွေထဲမှာ သရဲ၊ တစ္ဆေ၊ ဥစ္စာစောင့်တို၊့ ကျတ်တို့လို ချောက်ချားစရာကောင်းတဲ့ အကြောင်းအရာတွေလည်း ပါနေတတ်ပါတယ်။ >> ဒီဝတ္ထုကလည်း အဲဒီထဲကမှ ကျတ်ဆိုတဲ့အရာကို ကြုံတွေ့ခဲ့ရတဲ့ သုံးဘီးမောင်းသမားတစ်ယောက်အကြောင်းကို ပြောပြထားတာပါ။ မိုးချုပ်ခါနီး လူပြတ်တဲ့နေရာမှာ သုံးဘီးငှားနေတဲ့ မိန်းကလေးနှစ်ယောက်ကို ကူညီခဲ့ရာကနေစပြီး ကျတ်တွေနဲ့ကြုံတွေ့ခဲ့ရတဲ့ ကယ်ရီသမားလေးရဲ့ အတွေ့အကြုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဖတ်လို့လည်းကောင်းတယ်။ အွန်လိုင်းစာပေ ချစ်သူတို့လည်း ဖတ်ရအောင် တင်ဆက်ပေးလိုက်ပါတယ်။