ပန်းအကြွေကောက်သောလက်နှင့် ကျိန်စာသင့်သတို့သမီး

ခေတ်သီဟ

800 Kyats ကျပ်
မဖဲဝါ ဆိုတဲ့ နာမည်ကို မြန်မာနိုင်ငံမှာ နေဖူးသူ၊ နေကြသူတွေ အားလုံး ကြားဖူးကြမှာပါ။ သုဿာန်တွေရဲ့ အစောင့်အရှောက်၊ ပရလောကသားတွေရဲ့ ထိပ်သီး၊ နာမည်ကြီး မဖဲဝါ။ နန္ဒာဒေဝီခေါ်၊ မခင်ဖဲဝါခေါ် သုဿာန်စောင့် မဖဲဝါ။ ဆံပင်ဖားလျားနဲ့ ခေါင်းကြီးထမ်းပြီး ရွာထဲ ဝင်လာတတ်တဲ့ မဖဲဝါဆိုရင် နာမည်ကြားတာနဲ့တင် ကြက်သီးတဖြန်းဖြန်းထနေကြပြီ။ မဖဲဝါဟာ ပင်းယခေတ်လောက်က ပေါ်ခဲ့တဲ့ ခေတ်ဟောင်းနှစ်ချို့ ပရလောကသားပါ။ ဒီနေ့ခေတ်ဆိုရင် နှစ်ပေါင်း (၃၀၀)ကျော် (၄၀၀)နီးပါး ကြာခဲ့ပြီ။ ဒီလောက်နှစ်အကြာကြီးအထိ မဖဲဝါက မကျွတ်မလွတ်သေးဘူးလား။ ဒါမှမဟုတ် သူကိုယ်တိုင်က မကျွတ်မလွတ်ချင်တာလား။ ဒီကိစ္စက စိတ်ဝင်စားစရာပါပဲ။ ဒီဇာတ်လမ်းမှာတော့ နှစ်ချို့သရဲမကြီး မဖဲဝါတစ်ယောက် ဒီဘက်ခေတ်က လူတွေနဲ့ ပတ်သက်ဆက်နွယ်လာပြီး ဘယ်လိုဘယ်နည်းနဲ့ ဒုက္ခပေးမလဲဆိုတာ ဖတ်ရှုရမှာပါ။ ဒါ့အပြင် အချစ်ကြီးတဲ့ မောင်ထက်နေ၊ အထက်လမ်းပညာရှင် ကိုစစ်နိုင်၊ ဒေါက်တာသီဟ၊ ရဲအုပ်ကိုသက်တန့်နဲ့ တစ္ဆေမလေး မပန်းနုတို့ ပတ်သက်ဆက်နွယ်နေပုံတွေကို ချောက်ချားစရာ၊ ရင်နင့်စရာ၊ ကြည်နူးစရာ၊ အံ့သြစရာ၊ ထိတ်လန့်စရာ ခံစားမှုအဖုံဖုံနဲ့ ဖတ်ကြရမယ့် ‘ပန်းအကြွေကောက်သောလက်နှင့် ကျိန်စာသင့်သတို့သမီး’ ဆိုတဲ့ ပရဆန်းကြယ် ဇာတ်လမ်းတစ်ပုဒ်။