တောရိုင်းမြေ

ကျော်အောင်

2000 Kyats ကျပ်
မူရင်းက ရုရှားစာရေးဆရာကြီး မစ်ခေးရှိုလိုကော့ရေးတာ။ ဒီဝတ္ထုမှာ အပိုင်းနှစ်ပိုင်းပါဝင်ပြီးတော့ ပထမပိုင်းကို (၁၉၃၂) မှာ ထုတ်ဝေခဲ့တယ်။ ဒုတိယပိုင်းကိုတော့ (၁၉၆ဝ) မှာ ထုတ်ဝေခဲ့တယ်။ ဆရာကျော်အောင်က အကောင်းဆုံး ဘာသာပြန်ဆိုထားပြီး၊ ဒီလက်ရာက (၁၉၆၇) မှာ အမျိုးသားစာပေ ဘာသာပြန်ဆု ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဝတ္ထုထဲမှာ လူ့သဘာဝ စရိုက်တွေကို ဇာတ်ကောင်တွေရဲ့ စကားပြောခန်းတွေအများကြီးနဲ့ ပီပီပြင်ပြင် ချပြသွားတယ်။ ဝတ္ထုကရှည်ပေမဲ့ ဖတ်ရတာ မငြီးငွေ့ဘူး။ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်နဲ့ အရသာရှိရှိ ဖတ်ချင်သူတွေ သေချာပေါက် နှစ်သက်မယ့် ဂန္ထဝင်တစ်ပုဒ်လို့ ပြောပါရစေ။